စိုက်ပျိုးမွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ ပိုမို တိုးတက်လာရေးခအတွက် လယ်ယာကဏ္ဍ ဆိုင်ရာ သုတေသန လုပ်ငန်းများမြှင့်တင်မည်

0
129

နေပြည်တော် ဇွန် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ ပိုမိုဖွံဖြိုး တိုးတက်ရေး အတွက် လယ်ယာကဏ္ဍဆိုင်ရာ သုတေသန လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နှစ်စဉ်ရန်ပုံငွေ အသုံးစရိတ် ၁ ရာခိုင်နှုန်း ကျော်ခန့်သာ သုတေသနဆိုင်ရာ လုပ်ငန်းများ တွင် သုံးစွဲနေရ လျက်ရှိရာ စိုက်ပျိုးရေး နှင့် မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ ပိုမိုဖွံဖြိုး တိုးတက်ရေး အတွက် အထူး အရေးပါသည့် သုတေသန လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး အတွက် လာမည့် ဘဏ္ဍာနှစ် မှ စတင် ၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။

” လာမယ့် ဘဏ္ဍာနှစ်အတွင်းမှာ ဆောင်ရွက်သွားမယ်လို့တော့ ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယိ။ နည်းပညာရပ် ဆိုင်ရာ သုတေသနတွေနဲ့ လယ်ယာစီးပွား အထောက်အကူပြု အသုံးချ သုတေသနတွေကို စီမံချက်တွေရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ပေးရန် နှင့် အဆင့်မြင့် ဓါတ်ခွဲခန်းများ တိုးချဲ့တည်ဆောက်ရန်လည်း လိုအပ်မည်ဖြစ်ပြီး အဆောက်အအုံများ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ နှင့် ဆက်စပ် ပစ္စည်းများ မှာ ငွေကြေးကျခံ၍ အသုံးပြု နိုင်သော်လည်း ကျွမ်းကျင် ပညာရှင်များ ရရှိရန် အချိန်များစွာ ရယူ သုံးစွဲရမည်ဖြစ်သည့် အတွက် သုတေသန ပညာရှင်များ အနေဖြင့် တစ်ဦးချင်းစီ၏ အရည် အချင်းပြည့်ဝရေး၊ ပညာရှင် မျိုးဆက် တိုးပွားရေး၊ အတွေ့အကြုံများ မျှဝေပေးရေး နှင့် အရင်းအမြစ်ပြုန်းတီးမှု မရှိစေရေး ကို အလေးထား ဆောင်ရွက်ကြရန် လည်း လိုအပ် နေသေးတယ်လို့ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here