ရန်ကုန် လှိုင် ဘူတာရုံလမ်းထဲ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်

0
163

ရန်ကုန် ၊ဇွန် ၂၅

ရန်ကုန် လှိုင် ဘူတာရုံလမ်းထဲ ယနေ့မနက် ၈နာရီဝန်းကျင်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်းလည်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်၊ ပိတောက်ချောင်း ၃ ရပ်ကွက် ဘူတာရုံလမ်းရှိ ——— ဆံပင်ညှပ်ဆိုင်ရှေ့ရှိ ဆိုင်၏အမှိုက်ပုံး အတွင်းနေ၍ ပေါက်ကွဲမှု တစ်ကြိမ်၊ အဆိုပါနေရာ အနီးရှိအေးရိပ်မွန် ၄ လမ်းထိပ် အမှိက်ပုံတွင် တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

လက်လုပ်ဗုံးပေါက်ကွဲမှုဟု သက်ဆိုင်ရာက မှတ်ချက်ပြုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here