ပျဉ်းမနားမြို့ အမှတ်(၁)မြို့မဈေး အား အန္တရာယ်ရှိအဆောက်အဦး အဖြစ် သတ်မှတ်ထား၍ ဆိုင်ခန်းများ ရောင်းချခွင့် ယာယီပိတ်သိမ်း

0
329
နေပြည်တော် ဇွန် ၂၄
နေပြည်တော်၊ ပျဉ်းမနားမြို့ အမှတ်(၁)မြို့မဈေးကို အန္တရာယ်ရှိအဆောက်အဦးအဖြစ်သတ်မှတ်ထားသည်ဖြစ်၍ အဆိုပါဈေးရှိ ဆိုင်ခန်း များကို ဇွန်လကုန်နောက်ဆုံးထား ကာ ယာယီရောင်းချမှု ပိတ်ထားသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့ အမှတ်(၁)မြို့မဈေး အား မတ်လပိုင်း တွင် အန္တရာယ်ရှိအဆောက်အဦး(Dangerous Building)ဟုစာကပ်ထားပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ဈေးအုပ်ချုပ်ရေးမှူးရုံးမှ အမှတ် (၁) မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင် ခန်း များအား ၆လပိုင်းကုန်နောက်ဆုံးထား၍ ယာယီ ပိတ်သိမ်းထားရန် အကြောင်းကြားစာထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
” ဒီပျဉ်းမနား အမှတ်(၁) မြို့မဈေးက အန္တရာယ်ရှိအဆောက်အဦးအနေနဲ့သတ်မှတ်လိုက်တာကြောင့် အဲ့ဒီ ဈေးက ဆိုင်ခန်းတွေမှာ နေတဲ့ သူတွေ၊ ဈေးရောင်းသူတွေ၊ ဈေးဝယ်သူတွေပါ အဆောက်အဦးကတစ်စုံတစ်ခုဖြစ်ခဲ့ရင် အန္တရာယ်ဖြစ်နိုင်တဲ့အတွက် ဒီ ဇွန်လကုန် နောက်ဆုံးထားပြီး ဆိုင်ခန်းတွေဈေးမရောင်းကြဖို့ ဈေးရောင်းမှုကို ယာယီပိတ်သိမ်းလိုက်တာပါ။ ဆိုင်ခန်းခွန်စည်းကြက်တာတွေရော၊ နှစ်စဉ် မှတ်ပုံတင်ကြေးတွေလဲ ယာယီပယ်ဖျက်ထားပါတယ်” ဟု နေပြည်တော် ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြသည်။
ပျဉ်းမနား အမှတ်(၁) မြို့မဈေးရှိ A ရုံ၊ A1 ရုံ၊ B ရုံနှင့် C ရုံ နှစ်ထပ် ဈေးရုံလေးရုံတို့ကို အန္တရာယ်ရှိ အဆောက်အဦး အဖြစ် သတ်မှတ် ထားပြီးဖြစ်၍ အဆောက်အဦးတစ်ခုလုံး ၏ သက်တမ်းအရသော် လည်းကောင်း၊ သဘာဝဘေးဒဏ် အရသော်လည်းကောင်း အဆောက် အဦး ၏ ကြံ့ခိုင်မှု အားနည်းယိုယွင်းနေမှုကြောင့် ၎င်းအဆောက်အဦးတွင်နေထိုင်သူများအား လည်းကောင်း၊ အနီး ပတ်ဝန်းကျင် တွင် သွားလာနေကြသူများအား လည်းကောင်း၊ အချိန်မရွေး အန္တရာယ်ရှိနိုင်သဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လမှစ၍ ဆိုင်ခန်းခွန်စည်းကြပ်ခြင်းနှင့် နှစ်စဉ်မှတ်ပုံတင်ကြေးတို့ကို ယာယီပယ်ဖျက်ထားပြီး ဈေးရောင်းချခြင်းများလည်း ယာယီပိတ်သိမ်းထားရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here