ရန်ကုန်မြို့တွင် ကိုဗစ်ကုသရေး စင်တာများ ပြန်လည်ဖွင့်လှစ်

0
68

ရန်ကုန်၊ဇွန်၂၈

ရန်ကုန်က မြို့နယ် ၂၄ခုတွင် ကိုဗစ်ကူးစက်သူများ ရှိလာနေ၍ ရန်ကုန်အခြေစိုက် ကိုဗစ်ကုသရေးစင်တာများ ပြန်လည်ဖွင့်လှစ်နေပြီဟု သိရသည်။

ကူးစက်မှုသည် လှည်းကူးတွင်သာ အများဆုံးဖြစ်နေပြီး ကျန်မြို့နယ် များတွင်မူ ဆယ်ဂဏန်းသာသာ၊ အချို့မြို့ဆိုလျှင်လည်း ၁ဦးစ ၂ဦးစ သာ ရှိသေးသည် ကိုကြေညာချက်များ အရသိရသည်။

ရန်ကုန်သည် လူဦးရေထူထပ်ပြီး ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်း တို့တွင် ရိုက်ခတ်မှု ခံခဲ့ရသည့်အတွက် ပြီးခဲ့သည့် ရက်သတ္တပါတ်ထဲက တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ပြောဆိုထားမှု များရှိခဲ့သည်။

နစက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ရိုးမရိပ်သာ COVID-19 ရောဂါကုသရေးဌာနအနေဖြင့် Quarntine (၁,၀၀၀) ဦးနှင့် COVID-19 ရောဂါအတည်ပြုလူနာ (၅၇၆)ဦး၊ COVID-19 ရောဂါကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာတွင် COVID-19 ရောဂါအတည်ပြုလူနာ (၄၀၀)ဦး၊ MCC COVID-19 ရောဂါကုသရေးဌာနတွင် COVID-19 ရောဂါအတည်ပြုလူနာ (၂၅၀)ဦး လက်ခံကုသပေးသွား နိုင်မည်ဖြစ်ပြီး MCC COVID-19 ရောဂါကုသရေးဌာနအနေဖြင့် (၂၆.၆.၂၀၂၁) ရက်နေ့မှ စတင်၍ လူနာလက်ခံ ကုသပေး သွားမည်ဖြစ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေရောဂါဆေးရုံသစ်ကြီး၊ ရန်ကုန်တို့တွင်လည်း COVID-19 ရောဂါလူနာ များလက်ခံကုသပေးနေပြီဟု သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here