VMS စနစ်တပ်ဆင်ထားတဲ့ ငါးဖမ်းလှေ ၁၄၀ စီးကို သတ်မှတ်စည်းကမ်းဖောက်ဖျက်၍ အရေးယူထား

0
136

နေပြည်တော် ဇူလိုင် ၅

Vessel Monitoring  System (VMS) စနစ်တပ်ဆင်ထားပြီး ပင်လယ်ပင်အတွင်းငါးဖမ်းထွက်ရာတွင် သတ်မှတ်စည်းကမ်းများ မလိုက်နာဘဲ ဖောက်ဖျက်မှုတွေရှိတဲ့ အတွက် အရေးယူထားရတဲ့ ကမ်းဝေးငါးဖမ်းလှေ ၁၄၀ စီး ရှိတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

Vessel Monitoring  System (VMS) ကို စတင်ဆောင်ရွက်ခဲ့တာဟာ တစ်နှစ်ကာလ ရှိခဲ့ပြီဖြစ်ပြီး အဆိုပါ VMS စနစ် တပ်ဆင်ထားပြီး ငါးဖမ်းထွက် ခွင့်ပြုထားလျက်ရှိရာ စည်းကမ်းဖောက်ယာဉ်များစတင်ဖမ်းချိန် တစ်နှစ်တာကာလအတွင်း VMS တပ်ဆင်ထားပြီး သတင်းပေးပို့မှု ပျက်ကွက်ခြင်း၊ လှေကြီးပေါ်မှ လှေငယ်ပေါ်သို့ VMS စက်ကို ရွှေ့ပြောင်းကာ ငါးမဖမ်းရ ဧရိယာများ အတွင်း သွားရောက်ဖမ်းဆီးမှုများကြောင့် ဖမ်းဆီး အရေးယူခံရသည့် ငါးဖမ်းလှေပေါင်း ၁၄၀ စီးကို ဖမ်းဆီ းအရေးယူထားတယ်လို့ သိရပါတယ်။

” VMS စနစ်သုံးပြီး ဖမ်းဆီ းအရေးယူတဲ့မပေါ်မှာ အပိုင်းနှစ်ပိုင်းရှိပါတယိ။ ပထမ တစ်ပိုင်းက VMS စနစ်တပ်ဆင်ထားပြီး အချက် အလက်ပေးပို့ရမယ်၊ အွန်လိုင်းပေါ်ရှိနေရမယ်ပေါ့။ ဒါပေမဲ့ သတင်းမပို့ဘူး၊ လေးနာရီအတွင်း အကြောင်းမကြားလာဘူးဆိုရင် စက်တပ်ပေးထားတဲ့ ကုမ္ပဏီကအပြစ်ရှိရင် ကုမ္ပဏီကိုအရေးယူပြီး လှေပိုင်ရှင်က အပြစ်ရှိရင် လှေပိုင်ရှင်ကို အရေးယူပါတယ်။ ဒုတိယအရေးယူတဲ့အပိုင်းကတော့ စည်းကမ်းဖောက်ဖျက်လို့ အရေးယူတာပါ။ ငါးလုပ်ငန်း ဦးစီးဌာနက သတ်မှတ်ထားတဲ့ ကမ်းနဲ့ ဆယ်မိုင် သို့မဟုတ် ငါးမဖမ်းရဧရိယာထဲ ဝင်ဖမ်းရင် အရေးယူတာပါ။ အရေးယူမှု အပိုင်းမှာ တစ်လကနေ သုံးလထိငါူဖမိးခွင့်ပိတ်ပြီး ငွေဒဏ်ပါ ပါပါတယ်” လို့ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါ VMS စနစ်ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း VMS စက်မှတဆင့် သတင်းပေးပို့မှု မရှိသည့် အတွက် အရေးယူသည့် ငါးဖမ်းလှေ ၅၇ စီး နှင့် သတ်မှတ် စည်းကမ်းတွေဖြစ်တဲ့ ငါးမဖမ်းရသတ်မှတ်ထားတဲ့ ဧရိယာအတွင်း တရားမဝင် ငါးဖမ်းဆီးခြင်း၊ ကန့်ကွက်ထားတဲ့ ငါးဖမ်းပိုက်များ အသုံးပြု ငါးဖမ်းဆီးခြင်းတို့ကြောင့် အရေးယူထားရတဲ့ ငါးဖမိးလှေ ၈၃ စီး စုစုပေါင်း ကမ်းဝေးငါးဖမ်းလှေ အစီးရေ ၁၄၀ ထိရှိထားတာဖြစ်ပါတယ်။

ထိုသို့ အရေးယူရာတွင် ငါးဖမ်းခွင့်တစ်လပိတ်ကာ ငွေဒဏ်အားဖြင့် ကျပ် ၁၀ သိန်း၊ ငါးဖမ်းခွင့် ငါးဖမ်းခွင့်ပိတ်ပါက ငွေဒဏ်မှာ ကျပ်သိန်း ၂၀ နှင့် သုံးလငါးဖမ်းခွင့်ပိတ်ခံရပါက ငွေဒဏ်မှာ ကျပ် သိန်း ၃၀ စသည့်ဖြင့် ဖြစ်ကြကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here