စီးပွါးရေးအခြေအနေကြောင့် Live လွှင့်စျေးရောင်းရတာဖြစ်တယ် ဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင် အင်ကြင်းဟန်

0
216

ဇာတ်ပို့ သရုပ်ဆောင် အင်ကြင်းဟန်က လတ်တလောမှာ အနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီး အခုချိန်မှာတော့ အွန်လိုင်းLive Salesတွေရောင်းချပြီး စီးပွါးရေး အဆင်ပြေအောင် လုပ်ကိုင်နေပါတယ်။ ခေတ်ကာလ အခြေအနေအရ အလုပ်မလုပ်ချင်ပေမယ့်လည်း မိသားစုစားဝတ်နေရေး အခြေအနေကြောင့် လုပ်ရခြင်းဖြစ်ကြောင်း ကိုလည်း အခုလိုပဲပြောပြခဲ့ပါတယ်။

“ အမအရင်က အွန်လိုင်းကနေ ကိုယ့်ဘာသာဒူးရင်းသီးလေးတွေ Liveလွှင့်ပြီး ရောင်းတယ်။ ရောင်းရင်းနဲ့ သူငယ်ချင်းနှိုင်းယှဉ်မြင့်မိုရ်တို့နဲ့ တွဲပြီး Liveလေးတွေ လွှင့်ဖြစ်တယ်။ အကျင်္ီလေးတွေရောင်းဖြစ်တယ်။ ရောင်းတဲ့အချိန်မှာ ရယ်တာတွေဘာတွေ ရှိတာပေါ့နော်။ အဲ့ဒါကိုလည်း နားလည်ပေးကြပါ လို့ပြောချင်ပါတယ်။ လူတွေစိတ်ညစ်နေတဲ့ အချိန်အမတို့ Liveလေးကို ကြည့်ပြီး ခနတာပျော်သွားစေချင်တဲ့ စိတ်ကြောင့်ပါ။ အမတို့လည်း အရမ်းပျော်နေလို့စျေးရောင်းနေတာ မဟုတ်ပါဘူး။ မိသားစုရဲ့ စားဝတ်နေရေ းအခြေအနေကြောင့် ရှိတဲ့ စီးပွါးရေးလေးကို လုပ်ကိုင်နေရတာဖြစ်တယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here