မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဂျပန်နိုင်ငံမှာ ပြုလုပ်မည့် Tokyo 2020 အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

0
171

မြန်မာ ကြက်တောင်မယ် သက်ထားသူဇာဟာ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် Tokyo 2020 အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတယ်လို့ Badminton World Federation (BWF) ကကြေငြာလိုက်ပါတယ်။

သက်ထားနှစ်တွေချီပြီး မျှော်လင့်နေတဲ့အိပ်မက် တကယ်ဖြစ်လာပါပြီ။ Tokyo 2020 အိုလံပစ်ကို တကယ်ဝင်ခွင့်ရခဲ့ပါပြီ။ သက်ထားက မြန်မာ ပြည်သူပြည်သား အားလုံးအတွက် အကောင်းဆုံး ကိုယ်စားပြု ယှဉ်ပြိုင်သွားမှာပါ ။သက်ထားရဲ့အောင်မြင်မှုတွေဟာ မြန်မာပြည်သူ ပြည်သား အားလုံးရဲ့ အောင်မြင်မှုပါပဲလို့ သူမရဲ့ လူမှု ကွန်ယက်စာမျက်နှာပေါ်ကနေ အပျော်တွေကိုမျှဝေထားပါတယ် ။

သက်ထားသူဇာဟာ တစ်ဦးချင်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီးပြိုင်ဖက်နိုင်ငံ ၄၂ နိုင်ငံရှိတယ်လို့ BWF ရဲ့ ကြေငြာချက်အရ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here