နေပြည်တော် ကိုလာကြမည့် အခြားဒေသမှ ပြည်သူများ အနေဖြင့် ခရီးသွားထောက်ခံချက် လက်မှတ် ယူဆောင်လာကြရမည်

0
178

နေပြည်တော် ဇူလိုင် ၈

နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းသို့ အခြားဒေသမှ လာရောက်မည် အများပြည်သူများ အနေဖြင့် ခရီးသွားထောက်ခံချက် လက်မှတ်များ ပါရှိရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီက သတ်မှတ်ကြေညာထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ထိတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေကို ဝင်ရောက်လာသည့် အခြားဒေသမှ အများပြည်သူများကို ခရီးသွား ထောက်ခံချက်များ မလိုဘဲ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများကိုသာ ဆောင်ရွက်၍ ဝင်ရောက် ခွင့်ပြုထားခဲ့ရာမှ ဇူလိုင်လ ၈ ရက်နေ့မှစ၍ နေပြည်တော်အတွင်း ဝင်ရောက်မည့် အခြားဒေသမှ အများပြည်သူများ အနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် သက်ဆိုင်ရာ မြို့နယ်များတွင် နေထိုင်ကြောင်း ထောက်ခံချက်များ ယူဆောင်လာကြရမှာ ဖြစ်တယ်လို့ သိရသည်။

” နေပြည်တော် အတွင်းမှာက Covid-19 ကူးစက်ဖြစ်ပွားမှုတွေ များလာနေတဲ့ အတွက် ထပ်ပြီးပြန့်ပွားမှု မရှိစေရေး တို့အတွက် နေပြည်တော်ကို လာမဲ့ အခြားဒေသကလူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေမှာ နေထိုင်ကြောင်း ထောက်ခံချက်တွေ ယူခဲ့ကြရမယ်လို့ နေပြည်တော် ကောင်စီကလည်း ညွှန်ကြားချက် ထုတ်ထားပါတယ်” ဟု နေပြည်တော် က မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဥိ်းက ပြောပါ တယ်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် အရှိန်အဟုန် မြှင့်ဆောင်ရွက် လျက် ရှိပြီး ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများအား အချိန်နှင့် တစ်ပြေးညီ ဖော်ထုတ်နိုင်ရေး အတွက် မြို့ဝင်/ ထွက်ဂိတ်များ၊ လေဆိပ်များ၊ ဘူတာများတွင် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခရီးသွား ထောက်ခံချက်များ စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိသဖြင့် ပြည်ထောင်စု နယ်မြေအတွင်းသို့ လာရောက်မည့်ပြည်သူများ အနေဖြင့် သက်ဆိုင်ရာမြို့နယ်များတွင် နေထိုင်ကြောင်း ထောက်ခံချက်ကို ယူဆောင်လာကြရမည်ဖြစ်တယ်လို့ နေပြည်တော်ကောင်စီက ကြေညာထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here