ကိုဗစ်ကြောင့် တရုတ်ဘက်က နယ်စပ်ဂိတ်များ ယာယီပိတ်

0
162

မန္တလေး ၊ဇူလိုင်၈

ကိုဗစ်ကြောင့် တရုတ်ဘက်က နယ်စပ်ဂိတ်များကို ယာယီပိတ်လိုက်ပြီဟု မန္တလေးကုန်သည်စက်မှု အသင်းချုပ်က ပြောသည်။

ယာယီပိတ်လိုက်သည့် ဂိတ်များက တရုတ်-မြန်မာ နယ်စပ်ရှိ ကျူကုတ်-ဝမ်တိန် နှင့် ကျင်ဆန်းကျော့ဂိတ် များဖြစ်ပြီး ဇူလိုင်လ (၈)ရက် နေ့လည် ၀၁း၃၀ နာရီခွဲခန့်ကစကာ ပိတ်လိုက်သည်ဟုသိရသည်။

COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဂိတ်များကို တရုတ်ဘက်က ခေတ္တပိတ်ထားခြင်းဖြစ်သည်ဟု မန္တလေးကုန်သည်စက်မှုအသင်းချုပ်က ပြောသည်။

မန္တလေးကုန်သည် စက်မှုအသင်းချုပ်က “သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှ ကုန်တင်ယာဉ်များ နယ်စပ်တွင် ပိတ်မိနေပါသည်။ နောက်ထပ်တက်လာမည့် ကူးသန်းရောင်းဝယ်သည့် စီးပွားရေ းလုပ်ငန်းရှင်များကို မူဆယ်နယ်စပ် ကုန်သည်ကြီးများ အသင်းမှ သတိပေးဖြန့်ဝေခြင်းဖြစ်ပါသည်”ဟုအသိပေးချက်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here