ဇာတ်လမ်းတွဲသရုပ်ဆောင် စိုပြေမြင့်ရဲ့ ဖခင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့”

0
260

သရုပ်ဆောင် စိုပြေမြင့်ရဲ့ ဖခင်ဟာ ကိုဗစ်ရောဂါ နဲ့ ICU အခန်းထဲမှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ်။

စိုပြေမြင့် ရဲ့ ဖခင်ဖြစ်သူက ဆရာဝန်တစ်ဦးဖြစ်ပြီး ဆေးခန်းဖွင့်ရာကနေ ကိုဗစ်ရောဂါကူးစက်သွားပြီး မိခင်ဖြစ်သူပါကူးစက်ခံရတာပါ။ ဒီ့မတိုင်ခင်က သူ့အဖေနဲ့အမေ ကိုဗစ်ကူးစက်ခံရတာကြောင့် ဆေးရုံတက်ရောက် ကုသနေရကြောင်းကို စိုပြေမြင့်က သူ့ရဲ့လူမူကွန်ယက်မှာ
ရေးသားထားပြီး ရောဂါကို မပေါ့ဆပါနဲ့၊ Mask တပ်ကြပါ၊ အကာအကွယ်တွေနဲ့ သွားကြပါ၊ လက်ဆေးကြပါ၊ အားလုံးကိုလည်း ဂရုစိုက်ဖို့ သတိပေးထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here