ကိုယ်ဝန်ကြီးနဲ့ Covidဖြစ်နေမှန်းသိခဲ့​ရတဲ့ အကြောင်း ပြောပြလာတဲ့ နှိုင်းယှဥ်မြင့်မိုရ်

0
275

ဇာတ်ပို့ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်က လက်ရှိမှာ ကိုဗစ်ရောဂါ ခံစားပျောက်ခါနီးမှ

ကိုဗစ်ရောဂါ ခံစားနေရတဲ့ အတွေ့အကြုံကို သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။

“ ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်….

ကိုယ်ဝန်ကြီးနဲ့မို့ ဖြစ်တာ သိချင်နေလို့တဲ့…..ကျွန်မ ရောဂါပျောက်ခါနီးမှ ကိုဗစ်ဖြစ်နေတာ သိတာ ကျွန်မလွန်ခဲ့တဲ့ ဆယ်ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာ….အားလုံးက ကိုယ်ဝန်ဆိပ် တက်နေတာလို့ပဲ ပြောကြတယ်၊ ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ…. ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင်မသိခဲ့ဘူး၊ အစားအသောက်မပျက်ဘူး၊ လူမမာကြီးလို မနေခဲ့ဘူးဖြစ်နေမှန်းတောင်မသိခဲ့ဘူး၊ ညညကျရင် တုန်ပြီး ချမ်းတက်လာတာကိုလည် းဗိုက်ကြီးသည်မို့ မီးယပ်ချမ်း ထတယ်ပဲ ထင်နေခဲ့တာ ဘာဆေးမှလည်းမသောက်ခဲ့ဘူး၊ ညညကျရင် ခြေတွေလက်တွေ ကိုက်တော့ ယောက်က်ျားကို ဆေးလိမ်းခိုင်းတယ်၊ နင်းခိုင်း နှိပ်ခိုင်းတယ်၊ လွန်ခဲ့တဲ့ လေးရက်လောက်က အာခေါင်တွေစနာတယ်… နှာခေါင်းပိတ်တယ်… ကိုယ်နည်းနည်းပူတယ်….အဲ့ဒါလည်း ငါမိုးမိလို့ တုတ်ကွေး ဖြစ်တယ်လောက်ပဲ သဘောထားတယ်….စားစရာ ရှိတာကတော့ အရင်ကထက်ပိုစားတယ် ….ပိုအိပ်တယ်…. အင်တာနက်မှာ ဟာသတွေ ရှာကြည့်တယ်….သရဏဂုံ ရွတ်နေတယ်…ဆရာသမားတွေ ကလည်း မေတ္တာပို့ပေးနေတယ်တဲ့.. ပြီးတော့ လွန်ခဲ့တဲ့ 2ရက်က အနံ့စပျောက်တယ်….ဘာရေမွှေးနံ့ ဘာဟင်းနံ့မှ မရတော့ဘူး မကြောက်ပါဘူးးးး နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ်….အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်ကြတာပေါ့ ကိုယ်ဝန်ကြီ းနဲ့ဆိုတော့….တနေ့ ပါရာဒက် 500 အားနဲ့ Vit C မနက်နဲ့ည သောက်တယ်….အားရှိတာတွေ စားတယ်…အိပ်တယ်….ရေ ပုံမှန်ချိုးတယ်…ဒီနေ့မနက် အနံ့ပြန်ရပြီ…နေလည်းကောင်းတယ်….ခု ယောက်ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ်…ညနေ အိတုံမရဲ့ ဟော့ပေါ့ အကောင်းစား လာပို့လိမ့်မယ်….စားမယ်…အိပ်မယ်…နားမယ်…. အားလုံး စိတ်ချရမှ အလုပ်တွေပြန်လုပ်မယ်….ငါ့ဆီ ဒီရောဂါ ရောက်ကိုရောက်လာနိုင်တယ်ဘာဆေးနဲ့မှ မပျောက်ဘူး၊ သာမာန်ပါရာစီတမော့ နဲ့ပဲအဓိက အစာအဟာရ မပြတ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ကပျောက်မယ့် တစ်ခုတည်းသောနည်းလမ်းပါပဲ အမျိုးတို့”လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here