နေပြည်တော်မှာ(၇)လ အတွင်း ကိုဗစ်ဖြစ်ပွားသူဦးရေ ၂၀၈၀ ဦးထိရှိလာပြီး သေဆုံးသူ ၁၃ ဦးထိရှိနေ

0
128

နေပြည်တော် ဇူလိုင် ၁၁

နေပြည်တော်နယ်မြေအတွင်းမှာ အခုနှစ်၊ (၇)လအတွင်း ကိုဗစ်ကူးစက်ဖြစ်ပွားသူဦးရေ (၂၀၈၀) ဦးထိ ရှိနေပြီး ကိုဗစ်ဖြင့်သေဆုံးသူမှာလည်း (၁၃)ဦးထိ ရှိနေပြီဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

(၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ ဇူလိုင်လ (၉) ရက်နေ့ထိနေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှာ လူနာဦးရေ ၂၀၈၀ ဦးထိ ရှိလာနေပြီး သေဆုံးသူမှာလည်း ၁၃ ဦးထိရှိလာကာ ကိုဗစ်လူနာတွေ့ရှိမှုများတွင် ပြီးခဲ့သည့် ဇွန်လအတွင်း ဇေယျာသီရိမြို့နယ်က အများဆုံးဖြစ်ပြီး ယခု ဇူလိုင်လထိတွင် ဇမ္ဗူသီရိမြို့နယ်က ပိုးတွေ့လူနာ အများဆုံးဖြစ်နေသည်။

” ဒီနှစ်ထဲ ပိုးတွေ့လူနာထဲက သေဆုံးသူက ၁၃ ဦးထိရှိလာနေပါပြီ။ ပိုးတွေ့မှုနှုန်းကလဲ နေပြည်တော်မှာက နေ့စဉ်မြင့်တက်လာနေတာပါ။ အခုဆို နေပြည်တော်ဖဲကမြို့နယ်အချို့ကို Stay Home သတ်မှတ်ထားရသလို နေပြည်တော်အတွင်း ဝင်လာတဲ့ အခြားဒေသတွေကသူတွေကိုလည်း ခရီးသွားထောက်ခံချက်ပေါ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုက်ရေးမှူးရဲ့ နေထိုင်ကြောင်း ထောက်ခံစာပါမှ နေပြည်တော်ထဲ ဝင်ခွင့်ပြုထားပါတယ်” ဟု နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က ပြောသည်။

နေပြည်တော်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းမှစ၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ထိတွင် ကိုဗစ်ကူးစက်ဖြစ်ပွားသူလူနာဦးရေပေါင်း ၂၉၇၄ ဦးထိ ရှိလာနေခြင်းဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ်တွင် ၁၀၃၂ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် ၆၈ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် ၈၀ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂ ဦး၊ ဇေယျာသီရိမြို့နယ်တွင် ၇၄၁ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ၃၇၄ ဦး၊ လယ်ဝေးမြို့နယ်တွင် ၁၉၆ ဦး၊ တပ်ကုန်းမြို့နယ်တွင် ၈၂ ဦး၊ နေပြည်တော်နယ်မြေပြင်ပမှဝင်လာသူများထံမှ ၁၉၉ ဦး စုစုပေါင်း ၂၉၇၄ ဦးတို့ဖြစ်ကြကြောင်း၊ အဆိုပါ ပိုးတွေ့လူနာ ၂၉၇၄ ဦးအနက် သေဆုံးခဲ့သူ ၂၀ ဦးထိ ရှိထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here