ကင်းမရွာကို သွားရောက်လှူဒါန်းခဲ့တဲ့ အိစိကွေး

0
142

သရုပ်ဆောင်အိစိကွေး ကတော့ မီးလောင်သွားခဲ့တဲ့ ကင်းမရွာ အတွက် အလှူငွေ များကောက်ခံပြီး တစ်အိမ်ထောင်လျှင် ၃၀၀၀၀ကျပ်နှုန်းဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာအခုလိုပဲရေးသားထားပါတယ်။

“ ပြည်တွင်း ပြည်ပ မှ ကောက်ခံရရှိသမျှ အလှူငွေတွေကို ကင်းမရွာအတွက် တစ်အိမ်ထောင် ကို ၃၀၀၀၀ ကျပ်နှုန်းဖြင့် သွားရောက် လှူဒါန်းခဲ့ပါတယ်

ကင်းမရွာသားတွေအတွက် ကူညီပေးနေတဲ့ ဘုန်းကြီးကျောင်းကိုလည်း ၁ သိန်းကျော် လှူဒါန်းပေးခဲ့ပါတယ်

ကင်းမရွာကိုသွားလှူနိင်အောင် ကူညီပေးပါသော ရွှေမြိုင်ဆရာတော်ကို ဒီကနေ ဦးတင်ပြီး ကျေးဇူးတင်ကြောင်း လျှောက်ထားပါတယ် ဘုရား

ခရီးစဉ်တောက်လျှောက် ကူညီပေးပါသော ဦးဇင်း Pawara ကိုလည်း ကျေးဇူးတင်ပါတယ်ဗျ

လှူဒါန်းခဲ့ကြတဲ့အလှူရှင်တိုင်းကို အထူးကျေးဇူးတင်ပါတယ်ဗျ

Oxygen အတွက်လည်း ကျွန်တော်တို့ ထပ်ပြီးကူနိင်အောင် အလှူကောက်ခံပါဦးမယ် အဲ့ကျရင်လည်း ပါဝင်ပေးကြပါဦးနော်” လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here