ကိုဗစ်ကူးစက်ခံရသူအယောက်၅၀စာအတွက် ကြက်ပြုတ်ရည်နဲ့အစားအစာများလှူဒါန်းမယ့် အမွန်း

0
173

အဆိုတော်အမွန်းက ပြီးခဲ့တဲ့ဇွန်လပိုင်းက ကိုဗစ်ရောဂါကူးစက်ခံရပြီး အခုဆို ကျန်းကျန်းမာမာ ပြန်ဖြစ်လာပြီပဲ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ခံစားနေရတဲ့အချိန်တွေကို ကျော်ဖြတ်ပြီး လက်ရှိကိုဗစ်ရောဂါခံစားနေရသူအယောက်၅၀စာအတွက် ငါးကြင်းပေါင်း၊ကြက်ပြုတ်ရည် Soup နဲ့ကြက်ဥပြုတ်(၅)လုံးဆီ တို့ကို အိမ်အရောက်ချက်ပြီး ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထား ပါတယ်။

အမွန်းကိုယ်တိုင် ပြီးခဲ့တဲ့ဇွန်လက ကိုဗစ်ထိခဲ့ပါတယ်။ ဆယ်ရက်မြောက်မှာ စစ်ကြည့်တော့ Negative ပြန်ဖြစ်ခဲ့ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တာကိုဝေမျှရရင်
– အချိန်ပြည့်အရမ်းနုံးတယ် ( fatigue )
– အနဲံ့ပျောက်တယ်
– ပထမနှစ်ရက် အဖျားရှိတယ်
– အဆစ်အမြစ်တွေ ကြွက်သားတွေကိုက်ခဲတယ်
( ပါရာသောက်တယ် , vitamin C ရသမျှစားတယ်, ရေအများကြီးသောက်တယ်, ပြတင်းပေါက်ဖွင့် နေပူစာလှုံတယ် , စိတ်ကျဉ်းကျပ်တိုင်းသဘာဝလေရှူပေးတယ် , အစားဝင်အောင် စားပေးတယ် )

အားလုံးသိကြတဲ့အတိုင်း အနံ့မရတော့ ခံတွင်းပျက်ပြီး စားချင်စိတ်မရှိတော့ပါ , ဒါပေမယ့် ကြိုးစားပြီး မျိုကျအောင်စားခဲ့ပါတယ် ။ ဒါကြောင့် ခုချိန်မှာ ချက်ဖို့လည်းအားမရှိ , မှာဖို့ခက်ခဲ, အစားဝင်အောင်လည်း မနည်းကြိုးစားနေရတဲ့ သူများကို ငါးကြင်းပေါင်း , ကြက်ပြုတ် ရည် soup နဲ့ ကြက်ဥပြုတ်ငါးလုံးဆီ အသင့်ချက်ပြီး အိမ်ပေါက်ဝအရောက် ပို့ပေးပါရစေ။ တနိုင်မို့ အိမ်လိပ်စာ ၅၀ ကိုအရင် ပို့ပေးမှာဖြစ်ပါတယ်။ ( ပိုပြီးပို့နိုင်အောင်ကြိုးစားသွားပါမယ် ) လာမယ့်စနေနေ့လိုက်ပို့မှာပါ, ကျေးဇူးပြုပြီး chat box ကို လိပ်စာလေးတွေရေးပို့ပေးပါနော်!

အထူးကျေးဇူးတင်လွှာ –
ငါးကြင်းပေါင်းနဲ့ ကြက်ပြုတ်ရည် order မှာဖို့ ချစ်ခင်လေးစားရပါသော အမ Aye Thida @aye thida ကိုဆက်သွယ်တော့ ကြက်ပြုတ် ရည်နဲ့ ကြက်ဥက အမဒါနပြုမယ်တဲ့, delivery အတွက်လည်းတာဝန်ယူပေးတယ်။ တကယ်ကျေးဇူးတင်ရပါတယ်အမရေ  အမနဲ့မိသားစု ကောင်းချီးမင်္ဂလာများရစွာခံစားရပါစေ

ကြွေလွင့်သွားတဲ့သူများရဲ့မိသားစုများအတွက် အရမ်းစိတ်ထိခိုက်မိပါတယ်
အကယ်လို့ Underlying condition မရှိဘူး , အသက်အရွယ်အရမ်းအကြီးသေးဘူးဆိုရင် ကိုဗစ်ထိတာကို မကြောက်ပါနဲ့ , ပြန်နလံထရင် အသားကုန်စားလွန်းလို့ ကိုယ့်ကိုယ်ကိုတားယူရပါတယ် ..  ( ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြံုအရအားပေးခြင်းပါ ) နေမကောင်းတဲ့သူများအားလုံး အမြန်ပြန်လည်လန်းဆန်းကျန်းမာလာကြပါစေ “လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here