အင်ဒိုနီးရှားသည် အာရှ၏ ကိုဗစ်ဗဟိုချက်ဖြစ်လာ

0
130
ဂျာကာတာ၊ ဇူလိုင် ၁၆
အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၅၄၅၁၇ ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ကိုဗစ် ကပ်ရောဂါကာလဝယ် တစ်နေ့တာအတွင်း အများဆုံးတွေ့ရှိမှုဖြစ်လာခဲ့သည်။
ကမ္ဘာတွင် ကိုဗစ်ကူးစက်ခံရသူ ဒုတိယအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း လူနာသစ် ၃၉၀၇၂ ဦးသာတွေ့ရှိခဲ့သဖြင့် လက်ရှိအခြေအနေအရ အင်ဒိုနီးရှားနိုင်ငံသည် အာရှ၏ ကိုဗစ်ဗဟိုချက်ဖြစ်လာပြီဟု ပညာရှင် တို့ကဆိုကြသည်။
ဇူလိုင်လ ၁၄ ရက်မှ ၁၅ ရက်အထိ ၂၄ နာရီအတွင်း အင်ဒိုနီးရှားတွင် ကိုဗစ်လူနာသစ် ၅၄၅၁၇ ဦးစစ်ဆေးတွေ့ရှိခဲ့ကာ၊ ၉၉၁ ဦးထပ် မံသေဆုံးခဲ့ပြီး၊ အိန္ဒိယနိုင်ငံတွင်မူ လူနာသစ် ၃၉၀၇၂ ဦး စစ်ဆေးတွေ့ရှိခဲ့ကာ၊ ၅၄၄ ဦးထပ်မံသေဆုံးခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်းက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူနာသစ် ၁၂၂၃၆ ဦးစစ်ဆေးတွေ့ရှိ ခဲ့ပြီး၊ ၂၂၆ ဦး ထပ်မံသေဆုံးခဲ့ကာ၊ ထိုင်းနိုင်ငံတွင် လူနာသစ် ၉၁၈၆ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ၉၈ ဦးထပ်မံသေဆုံးခဲ့သည်။
မြန်မာနိုင်ငံတွင်မူ ဇူလိုင်လ ၁၅ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း လူနာသစ် ၄၁၈၈ ဦးစစ်ဆေး တွေ့ရှိခဲ့ပြီး၊ ၁၆၅ ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။
Ref: Indonesia overtakes India as Asia’s new Covid-19 epicenter, Worldometer


LEAVE A REPLY

Please enter your comment!
Please enter your name here