မူဆယ်တွင် ပိတ်မိနေသည့် ကုန်တင်ကားအစီးရေ ၄၀၀၀ ခန့်မှ အစီးရေ ၁၀၀၀ ကျော်ကို နေရပ်ဒေသများသို့ ပြန်လည်စေလွှတ်ပြီးဖြစ်

0
57

နေပြည်တော် ဇူလိုင် ၁၇

မြန်မာ-တရုတ် ကုန်သွယိရေ းနယ်စပ်ဒေသဖြစ်သည့် မူဆယ်ဒေသတွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသို့ ကုန်တင်ပို့မညိ့ ကုန်တင်ကားအစီးရေ ၄၀၀၀ ခန့်အနက် အစီးရေ ၁၀၀၀ ကျော်ကို ၎င်းတို့နေရာေဒသများသို့ စေလွှတ်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။

မြန်မာနိုင်ငံအတွင်း COVID – 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် မူဆယ် – ကျိန်စမ်းကျော့ နှင့် မူဆယ် – ဝမ်တိန် နယ်စပ်ကုန်သွယ်ရေး ဂိတ်(၂)ခုအား တရုတ် နိုင်ငံဘက်မှ ယာယီပိတ်ထားခဲ့ခြင်းတို့ကြောင့် မူဆယ်ဒေသတွင် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မည့် ကုန်တင်ကား အစီးရေပေါင်း ၄၀၀၀ ခန့်ထိ ပိတ်မိနေခဲ့ပြီး အဆိုပါ ပိတ်မိကုန်တင်ကားများအနက် ကုန်တင်ကား အစီးရေ ၁၀၀၀ ကျော်ကို ဇူလိုင်လ ၁၆ ရက်နေ့ထိတွင် မူဆယ်ဒေသမှ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်စေလွှတ် ပေးထားပြီးဖြစ်ကြောင်း သိရသည်။

” လက်ရှိချိန်ထိတော့ မူဆယ်ဘက်မှာ ကုန်တင် ကားအစီးရေ ၂၀၀၀ ကျော်လောက်ပဲ ကျန်ပါတော့တယ်။ စပြီး ပိတ်တဲ့ရက်ကနေ ဒီနေ့ထိမှာ အစီးရေ ၁၀၀၀ ကျော်ကို သူတို့နေရပ် အသီးသီးကို ပြန်လည်စေလွှတ်ထားပြီးပါပြီ။” ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦးက ပြောပြသည်။

ထိုသို့ ကုန်တင်ကားများပြန်လွှတ်ရာတွင် မူဆယ်ဒေသရှိ သိုလှောင်ရုံများတွင် ကုန်ပစ္စည်းများ ချထားသည့် ကုန်တင်ကားများရှိသလို အချို့ကားများမှာ ပြည်တွင်းဘက် ပြန်လည်သယ်ဆောင် သွားခြင်းများလည် းရှိကြောင်း၊ အဆိုပါ မူဆယ်ဒေသတွင် ပိတ်မိသည့် ကုန်တင်ကားများတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဦးရေစုစုပေါင်း ၈၀၀၀ ခန့်ထိရှိကြောငါး သိရသည်။

ယခုလအတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ ကုန်သွယ်မှု ရပ်တန့်သွားခြင်းတို့ကြောင့် ပိတ်ထားရသည့်အခြေအနေ တွင်ရှိနေပြီး ကျန် ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရေး ဂိတ်များမှာမူ လက်ရှိတွင် အောက်ဆီဂျင်များ တင်သွင်းလျက် ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here