အများပြည်သူ ရုံးပိတ်ရက်အတွင်း ဆိပ်ကမ်း၊ လေဆိပ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပုံမှန်အတိုင် းဆက်လက်လုပ်ကိုင်

0
224

ရန်ကုန်၊ ဇူလိုင် ၁၇

အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသာ ဇူလိုင်လ ၁၇ရက်နေ့မှ ၂၅ရက်နေ့အတွင်း ဆိပ်ကမ်း လေဆိပ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်မှာဖြစ်တယ်တယ်လို့ နစက ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွါးဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကပြောပါတယ်။

ဆိပ်ကမ်း၊ လေဆိပ်နဲ့ နယ်စပ်မှာ တာဝန်ထမ်းဆောင်တဲ့ အကောက်ခွန်နဲ့ကုန်သွယ်ရေးဝန်ထမ်းတွေ ပုံမှန်အတိုင်း ဆက်လက်အလုပ်လုပ်ပေးမယ်လို့လည်း သက်ဆိုင်ရာဌာနတွေ ကသိရပါတယ်။

ရုံးပိတ်ရက်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ အနေနဲ့ အလုပ်တာဝန်တွေ ရပ်ဆိုင်းထားမှာမဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းတွေဆောင်ရွက်ပေးမှာဖြစ်ကြောင်းနဲ့ ကိုဗစ်၁၉ ကာကွယ်ကုသရေ းပစ္စည်းတွေတင်သွင်းမှုကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းထားတဲ့ SOP တွေနဲ့အညီ ဦးစားပေ းတင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့ စီးပွါးရေးနဲ့ကူးသန်းရောင်းဝယ်ရေ းဝန်ကြီးဌာနမှ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here