ကိုဗစ်စင်တာတက်ရောက်ကုသမယ့် လူနာများအတွက် အသုံးအဆောင်ပစ္စည်းများလှူဒါန်းခဲ့တဲ့ ခန့်စည်သူ

0
301

သရုပ်ဆောင်ခန့်စည်သူက ဇူလိုင်လ ၁၈ရက်နေ့မှာ ကိုဗစ်စင်တာမှာ တက်ရောက် ကုသမယ့် လူနာများ အတွက် လိုအပ်နေတဲ့ လူအသုံးအဆောင် ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြောင်းကို အခုလိုပဲရေးသားထားပါတယ်။

“ ၁၈ ရက်နေ့(ယနေ့အလှူလေးပါ)ဖောင်ကြီး ကိုဗစ်-၁၉ စင်တာမှာ တက်ရောက်ကုသမယ့်လူနာများ အတွက် လိုအပ်နေတဲ့စောင် (၁၀၀)၊ခြင်ထောင်(၁၀၀)၊ခေါင်းအုံး(၁၀၀)၊ခေါက်ဆွဲခြောက်ထုပ်များ၊ဆပ်ပြာမှုန့်ထုပ်များ၊Maggie ဟင်းခပ်မှုန့်ပါကင်များ၊ရေသန့်များနဲ့ အောက်ဆီဂျင်အိုးများ၊စက်များအတွက် လိုအပ်တဲ့ အလှူငွေများကိုလှူဒါန်းခဲ့ရာ တာဝန်ခံဆရာဝန်ကြီးများမှ လက်ခံခဲ့ကြပါတယ်။ စင်တာအတွက် လိုအပ်ချက်များ, များစွာရှိနေသေးတဲ့အတွက် အလှူရှင်များ၊စေတနာရှင်များက သွားရောက်လှူဒါန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်။
မြန်မာပြည်သူ၊ပြည်သားများ ကိုဗစ်-၁၉ တတိယလှိုင်းကို အောင်မြင်စွာ အမြန်ဆုံးကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။” လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here