ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပြီး ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် electronic နည်းလမ်းဖြင့် ငွေပေးချေနိုင်

0
132

( ရန်ကုန်၊ ဇူလိုင် ၁၈)

ကိုဗစ် ၁၉ ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဇူလိုင်လ ၁၇ရက်နေ့မှ ၂၅ ရက်နေ့အထိ အများပြည်သူရုံးပိတ်ရက်အဖြစ်ကြေငြာချက်မှာ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနဲ့ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကို ပိတ်သိမ်းခြင်း လုံးဝမပါရှိခဲ့ကြောင်ူနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း နစက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကသတင်း ထုတ်ပြန်ထားပါတယ်။

အမိန့်ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၁ တွင် ဆေးဝါးနှင့်ဆေးကိရိယာပစ္စည်းများထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်ူများကို ပိတ်သိမ်းကြောင်း လုံးဝမပါရှိခဲ့ကြောင်းနဲ့ အများပြည်သူလိုက်နာရမယ့် စည်းကမ်းချက်များ အမှတ်စဉ် (ဂ)တွင် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများရောင်းချသည့်ဆိုင်များဖွင့်လှစ်ရောင်းချသွားရန်နှင့် အမှတ်စဉ် (င) တွင် ကျန်းမားရေူစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် အစိုးရဆေးရုံများ ၊ ပုဂ္ဂလိကဆေးရုံများနှင့်ဆေးခန်းများဟူ၍ ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ တတိယလှိုင်းဖြစ်ပွါးလျက်ရှိပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ stay at home အစီအစဉ်များဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဆေးရုံဆေးခန်းများမှာ ဆေးကုသမှု ခံယူခြင်း၊ဆေးနှင့်ဆေးဝါးပစ္စည်းများဝယ်ယူခြင်းတို့အတွက် electronic ငွေပေးချေမှု နည်းလမ်းဖြင့် လက်ခံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတိပြန်ထားပါတယ်။

ဆေးကုသမှု ခံယူသူများအနေဖြင့် ဘဏ်သို့သွားရောက်ရန် အခက်အခဲများရှိနေခြင်း၊ ရောဂါကူးစက်လွယ်တဲ့ငွေသားများအား ကိုင်တွယ်သုံးစွဲရန် မသင့်လျော်ခြင်းနှင့် အခြားအရေးကြီးလူနာများအနေနဲ့လည်းဆေးကုသစရိတ်ပေးချေရာမှာ ငွေသားဖြင့်ပေးချေရန် အခက်အခဲများရှိတာကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဆေးရုံဆေးခန်းဖွင့်လှစ်ခွင့် လိုင်စင်ပေးထားတဲ့ ပုဂ္ဂလိကဆေးရုံဆေးခန်းများတွင် ဆေးကုသမှုခံယူခြင်း၊ ဆေးဝါးနှင့်ဆေးပစ္စည်းများဝယ်ယူခြင်းတို့အတွက် electronic ငွေပေးချေမှုနည်းလမ်းဖြင့် ဦးစားပေးလက်ခံဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

Digital payment နဲ့လက်ခံရောင်းချထားတဲ့ ငွေပမာဏရဲ့အများဆုံး ၅၀% ကို ၁လလျှင် ၂ကြိမ် (သို့) ၃ကြိမ် အထိ စိစစ်ပြီး သက်ဆိုင်ရာဘဏ်တွေမှ ငွေသားထုတ်ပေးမှာဖြစ်တာကြောင့် ပုဂ္ဂလိကဆေးရုံအသီးသီးမှ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းထားကြောင်းကိုလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here