လိုအပ်နေတဲ့ပြည်သူတွေကို Maskများလှူဒါန်းခဲ့တဲ့ မွန်လေး

0
247

ဟာသသရုပ်ဆောင် မွန်လေးက ကိုဗစ်ရောဂါတွေ ဖြစ်နေတဲ့ကြားက လိုအပ်နေတဲ့ပြည်သူတွေ အတွက် Maskများကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်မှာ အခုလိုပဲရေးသားထားပါတယ်။

“ မိုးတွေရွာနေပေမဲ့လည်း လိုအပ်နေသူတွေအတွက်

ပြန်လည် မျှဝေလှူဒါန်းပေးဖို့ မက်စ် mask ဖာများပို့ဆောင်

မြေပြင်ကို ကိုယ်တိုင်ဆင်း၍ ကူညီသင့်သည်များကို

ကူညီခဲ့ပါသည်ခင်ဗျာ

လိုအပ်နေသူများ နဲ့ ပရဟိတ အသင်းများကိုလှူခဲ့ပါသည်။

နတ်လူသာဓုခေါ်၍ထပ်တူကုသိုလ်ရကြပါစေ

မက်စ်အကူညီတောင်းခံကြသော အမိအဖများအားလုံး

ရှိတဲ့မက်စ်ဘူးအရေအတွက်နဲ့ အကူညီတောင်းခံသူ

အရေအတွက် မမျှတသောကြောင့် ဒီအခေါက်မရလိုက်သူများ

နောက်တစ်ခေါက်ကြရင် ဦးစားပေးလှူဒါန်းပေးပါ့မယ်ခင်ဗျာ” လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here