တစ်နိုင်ငံလုံးက Qစင်တာအားလုံးရဲ့ (၂၅) ရာခိုင်နှုန်း ခန့်သာ Qဝင်နေသူတွေ ရှိနေသေးတာကြောင့် Qဝင်ဖို့ နေရာ အလုံအလောက် ရှိတယ်လို့ နစက ခေါင်းဆောင်ပြော

0
185

နေပြည်တော် ဇူလိုင် (၁၉)

ပြည်တွင်းမှာ ဗီဇပြောင်း ကိုဗစ်(၁၉)ကူးစက်မှု များပြားနေပြီး နေ့စဉ်စံချိန်တင် ပိုးတွေ့လူနာတွေ ရှိနေပေမယ့် သံသယ လူနာတွေကို Quarantine ဝင်ရောက်ဖို့ စီစဉ်ပေးထားတဲ့ နေရာ (၂၅)ရာခိုင်နှုန်းလောက်ဘဲ အသုံးပြုရသေးတာကြောင့် Qစင်တာ အများအပြားမှာ Qဝင်နိုင်တယ်လို့ နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ quarantine စင်တာပေါင်း(၁၉၃၄)နေရာရှိပြီ းလူဦးရေ ခုနှစ်သောင်းနီးပါး Qဝင်နိုင်တယ်လို့ သိရပါတယ်။ဒါပေမယ့်လက်တလောမှာ quarantineဝင်ရောက်နေသူအရေအတွက်က စင်တာအားလုံးရဲ့ (၂၅)ရာခိုင်နှုန်းနီးပါးဘဲ ရှိသေးတယ်လို့ နစက ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ကိုဗစ်(၁၉) positive လူနာတွေအတွက်နေရာပေါင်း တစ်ထောင်ကျော် မှာလူနာဦးရေ ‌(၄၉၀၀၀)နီးပါးကုသနိုင်ပြီး (၆၂)ရာခိုင်းနှုန်းသာ တင်ရောက်နေကြသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကုသရေးစင်တာင ါးရာကျော်မှာတော့ လူနှစ်သောင်းခွဲကျော် တပြိုင်နက် ကုသနိုင်နေပြီးအခုချိန်မှာ ကိုးဆယ်ရာခိုင်နှုန်းကျော် ကုသ မှုခံယူနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ကုသရေးစင်တာကနေ သက်သာလာမယ့် လူနာတွေကို positive လူနာတွေအတွက်စောင့်ကြည့်ပေးမယ့် နေရာကိုပြောင်းရွှေ့ပြီး စိုးရိမ်ရမယ့်လူနာသစ်တွေအတွက် ပြင်ဆင်ဖို့လိုအပ်လာရင်လည်း ဆောင်ရွက်ရမယ်လို့ နစက ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မနေ့က နေပြည်တော် ကကကြည်း ရုံးချုပ်မှာ ပြုလုပ်တဲ့ ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ကုသရေး တတိယအကြိမ်အစည်းအဝေးမှာ နစက ခေါင်းဆောင်က quarantine စင်တာအခြေအနေတွေနဲ့ပါတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here