ပြည်ပကဝယ်ယူသည့် အောက်စီဂျင်ကားများ အချို့ရောက်ရှိနေပြီး ဆေးရုံများတွင် ဦးစားပေးဖြည့်ပေးပြီး အများပြည်သူထံ ပြန်ရောင်းပေးမယ်

0
117

နေပြည်တော် ဇူလိုင် ၁၉

ပြည်ပနိုင်ငံအချို့က ဝယ်ယူထားသည့် အောက်စီဂျင် ကားအချို့တို့မှာ ဘက်ရှိတွင် ပြည်တွင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများတွင် ဦးစားပေးဖြည့်ပြီး ကျန်အောက်ဆီဂျင်များကို အများပြည်သူထံ ပြန်လညိရောင်းချပေးသွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

လက်ရှိမှာ နိုင်ငံအတွင်းရှိ ဒေသအသီးသီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုတွေကြောင့် ရောဂါကူးစက်ခံရသူ လူနာများအနေဖြင့် အောက်စီဂျင် ကျဆင်းမှုများဖြစ်ပေါ်ကာ ပြည်တွင်း၌ အောက်ဆီဂျင် ပြတ်လပ်မှုဖြစ်ပေါ်သည် အထိ ဖြစ်ပေါ်နေ၍ နိုင်ငံတော်အနေဖြင့် အိမ်နီးချင်းပြည်ပနိုင်ငံ အချို့ထံမှ အောက်ဆီဂျင် များဝယ်ယူကာ ပြည်တွင်းရှိ ဆေးရုံးကြီးများတွင် ဖြည့်တင်းပေးလျက်ရှိကြောင်း၊ ဒါ့အပြင် ရန်ကုန်၊ မန္တလေးရှိ ပြည်သူ့ဆေးရုံကြီးများတွင် ဇူလိုင် ၁၆ ရက်နေ့ကစပြီ းအောက်ဆီဂျင်များဖြည့်တင်းပေးလျက် ရှိပြီး ကျန်ဒေသများသို့ လည်း ယခုရက်သတ္တပတ် အတွင်း ဖြန့်ဝေပေးသွားမှာဖြစ်ကာ ပိုသည့်အောက်ဆီဂျင်များကို သက်ဆိုင်ရာဆရာဝန်ထောက်ခံချက်ဖြင့် အမျာ းပြည်သူထံ ဆက်လက်ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ကပဲ ပြည်ပကဝယ်တဲ့အောက်ဆီဂျင် တွေရောက်လာလို့ ရန်ကုန်နဲ့ မန္တလေးတို့က ပြည်သူ့ဆေးရုံတွေမှာ အောက်ဆီဂျင်တွေဖြည့်တင်းပေးထားပြီးဖြစ်ပါတယ်။ ကျန်တဲ့ မြို့တွေကိုလဲ ဒီရက်ပိုင်းမှာ ဆက်လက်ဖြန့်ဝေပေးသွားမှာပါ။ ပထမဦးစားပေးအနေနဲ့ကတော့ ပြညိသူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေမှာ ဖြည့်ပေးမယ်။ Tant တွေထဲဖြည့်မယ်။ အဲါကနေ ဆလင်ဒါတွေထဲပြ်ဖြည့်မယ်ပေါ့။ အဲ့လိုတွေဖြည့်ပြီးလို့ ပိုတာတွေကို ဆရာဝန်တွေရဲ့ ထောက်ခံချက်နဲ့ ပြည်သူလူထုကိုရောင်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအတွက် လိုအပ်သည့် Liquid Oxygen များကို ပြည်ပနိုင်ငံအချို့တို့မှ ဝယ်ယူတင်သွင်းလျက်ရှိရာ အဓိကလမ်းကြောင်းနှစ်ခုဖြစ်တဲ့ မြဝတီလမ်းကြောင်းနှင့် ကူမင်းမှ တိုက်ရိုက်သယိဆောင်၍ တင်သွင်းလျက်ရှိကြောင်း၊ မြဝတီလမ်းကြောင်းမှ တန် ၂၀ ဆံ့ ကားအစီး ၄၀ ၊ တရုတ်နိုင်ငံ ကူမင်းမှ မန္တလေးနှင့် နေပြည်တော်အတွက် ကား ၆ စီး တင်ယူလျက်ရှိတယ်လို့ သိရပါတယ်။

” မြဝတီလမ်းကြောင်းကဝင်တဲ့ အောက်စီဂျင်တချို့က ဇူလိုင် ၁၆ ရက်နေ့က ရန်ကုန်က ဆေးရုံတွေမှာ အောက်စီဂျင် Tant တွေမှာ ဖြည့်ပေးတေပါပြီ” ၎ငိးက ဆက်လက်ပြောပြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here