မဆိုင်သလို အသာနေ ရင် အသေနာကြပါတော့မယ်

0
78

ကိုဗစ် တတိယလိူင်းဟာ ဒယ်လ်တာဗိုင်းရပ်ရဲ့ ပြင်းအား(ဆားစ်ကိုဗီ2 ထက် အဆ ၁၀၀ ပြင်း)ကြောင့် ကျန်းမာရေးလုပ်သားထု နဲ့ ပရဟိတ သမားတွေ ပါ ထိခိုက်လာနေပါပြီ။ သူတိုတွေ ထိခိုက်မူ့နည်းအောင် ဘယ်လို ကာကွယ်စီမံ ပေးကြမလဲ၊ လူထုကလည်း ဝိုင်းကူဖို လွယ်ကူအောင် ဘယ်လိုတွေ လုပ်ကြမလဲဆိုတာ ကို ကိုယ့်ရပ်ကွက်အလိုက် တိုင်ပင်လုပ်ဆောင်နေကြမူ့ကို ပိုအရှိန်တင်မှရတော့မှာဖြစ်ပါတယ်။

ကိုဗစ် ဒုတိယလိူင်းမှာ P ဖြစ်ပြီး ဝေဒနာခံစားခဲ့ရသူ ဒေါ်စန်းစန်းဝင်းလွင် ကယခု ကိုဗစ်တတိယလိူင်းမှာ တွေ့မြင်နေရတဲ့ အခက်ခဲများထဲက အလောင်းထုပ်ပိုးအိတ်များ ကို မည်သို ဖြေရှင်းကြမလဲလို ယခုကဲ့သို အကြံတောင်းဆိုထားပါတယ်။

“အားလုံးရဲ့ အပူမီးသောကမီးတွေမြင်ရကြားရ
စိတ်မချမ်းသာပါဘူး။ပရဟိတ လုပ်တဲ့ လူတွေလဲ အားလုံး အရမ်းကူးစက်မြန်ပြီးကြောက်စရာ
အလွန်ကောင်းပါတယ်။
အဖေ၊ အမေ၊ အစ်မဦးလေး ၊အဒေါ် ဆွေမျိူးဇောတွေနဲ့ တအားပူဆွေးသောကတွေရောက်နေကြတော့ ဒီအပူမီးတွေက သတိလက်လွှတ်ဖြစ်စေပြီး သေတဲ့လူကို ကိုင်တွယ် ကြတွေ့ထိကြတါ အရမ်း အန္တရယ်များပါတယ် ။
PPE ဝတ်စုံ၊ လက်အိတ် အပြည့်အစုံ ဘယ်သူမှသိပ် မဝတ်ဖြစ်ကြသလိုပဲ။ ရေဝေး၊ထိန်ပင်၊ကျီစုကျူချောင်သုသာန်တွေမှာ မီးသဂြိုလ်တဲ့လူတွေလည်းအန္တရယ်ကို သတိထားစေချင်ပါတယ်
မနှစ်က ကျမ ကိုဗစ်ဖြစ်တဲ့ အချိန်ဆေးရုံကြီး ပေါ် ကျမ အရှေ့မှာ တလောင်းပြီး
တလောင်းသေတော့ ဇစ်အိပ်အထူအဖြူ
ရောင်တွေနဲ့ ချက်ချင်း အလောင်းကို လာထည့်
ပါတယ်။ လာသယ်တဲ့လူကလဲPPE ဝတ်စုံနဲ့
လက်အိတ်၊ ခြေအိတ် ၊ဘွတ်လည်ရှည် ၊နားခေါင်းစည်းမတ်စ် အပြည့်အစုံနဲ့လာသယ်ဆေးတခါထဲ ဖျန်းတာပါ။ကိုယ်တွေ့ပါ ။
အခုတော့ သုသာန်မှာ အားလုံးက
အလောင်းဘေးမှာ ငုတ်တုတ်လေးတွေထိုင်လို့
တချိုကတက္ကစီနဲ့တောင် သယ်လာရတဲ့ အခြေနေတွေ ၊စောင်လေးအိပ်ရာခင်းလေး ပတ်ပြီး
သယ်လာတာမျိုးတွေဟာ ကာယကံရှင်ရဲ့ အခြေနေကို နားလည်ပေမယ့် နောက်ဆက်တွဲ တအားစိုးရိမ်မိပါတယ်။
ကူးဖိုရာနှူန်းပြည့်ပါဘဲ။ဇစ်အိပ် မရှိရင်တောင် ပလတ်စတစ် အထူနဲ့သေချာစွာပတ်တာမျိုး၊ ပီနံအိတ် ကိုဖြဲပြီး၂ထပ်၃ထပ်ပတ်ပြီးသယ်ကြရင်ကောင်းမယ်လိုထင်ပါတယ်။
ကားတွေထဲမှာလဲ ၃-၄လောင်းထပ်သယ်နေကြ ရပြီးဘာအကာအကွယ်မှ မတွေ့ရ ပါဘူး။ပရဟိတတွေလည်း အတုန်းအရုန်း ကျဆုံးနေပပါပြီ။

ဒီလိုပုံစံမျိုးနဲ့သာ ကိုဗစ်အလောင်းတွေကို သယ်နေမယ်ဆိုရင် နောက်ထပ် အများကြီးသေနိုင်ပါတယ်။အားလုံးရဲ့ သောက ဇောတွေကိုနားလည် သဘောပေါက် ကိုယ်ချင်းစာပါတယ် ။မဖြစ်သင့်တါတွေ ထပ်ပြီး ဖြစ်လာမှာကိုစိုးရိမ် တုန်လှုပ်လို့ပါ။ ကိုဗစ်ကိုလျှော့တွက်လို့ မရပါ အားလုံး တခုခုစဉ်းစားပြီးဝိုင်းကူမှ ထင်တယ် ။ အလောင်းသယ်တဲ့လူတွေ ကူးစက်ဖို့ အရမ်းအန္တရယ်များပါတယ်။ တချိူဆိုစောင်လေးတောင် လုံခြုံအောင် မပါတ်ထားနိုင်တော့ ရောဂါ ဖြန့်ဖြူးရာနေရာအကြီးကြီးဖြစ်နေပါတယ်။
ပရဟိတ တွေလဲ တအားလေးစားသနားဖိုကောင်းပါတယ် ကူးမယ်ဆိုတာသိရက်သားနဲ့ အသက်နဲ့ရင်းပြီးလုပ်နေကြတာ ။
အလောင်းထုပ်ဖို့ ဇစ်အိတ်တွေ အလွယ်တကူ ရနိုင်ဖို့ ဝိုင်းဝန်း ကူညီ အကြံပေးကြပါ။

ရပ်ကွက်တိုင်းမြိုနယ်တိုင်းဝိုင်းကူ အလှူ
အငွေထည့်ပေးင်္ပြး သေစာရင်းလာထုတ်ရင်
မဖြစ်မနေ ပလပ်စတစ် အထူ အိပ်တခါထဲ
ပေးလိုက်ရင်ကောင်းမယ်ထင်တါပါပဲ။
ဝိုင်းဝန်းလုပ်ကြစိုပါ။ ကိုယ်နဲ့
မဆိုင်သလို အသာနေ ရင် အသေနာကြပါတော့မယ်။”


LEAVE A REPLY

Please enter your comment!
Please enter your name here