မြောက်ကိုရီးယားလူငယ်များ အနေဖြင့် တောင်ကိုရီးယား အသုံးအနှုန်းများကို မပြောဆိုကြရန် မြောက်ကိုရီးယားသတိပေးမြောက်ကိုရီးယားလူငယ်များအနေဖြင့် တောင်ကိုရီးယား အသုံးအနှုန်းများကို မပြောဆိုကြရန် မြောက်ကိုရီးယား သတိပေး

0
165
ပြုံယမ်း၊ ဇူလိုင် ၁၉
မြောက်ကိုရီးယားနိုင်ငံမှ လူငယ်လူရွယ်များ အနေဖြင့် တောင်ကိုရီးယားနိုင်ငံတွင် ပြောဆိုလေ့ရှိသော ဘန်းစကားများ၊ အသုံးအနှုန်းများကို မပြောဆိုကြရန်နှင့် မြောက်ကိုရီးယားနိုင်ငံ၏ စံဘာသာစကား အသုံးအနှုန်းများဖြင့် သာပြောဆိုကြရန် မြောက်ကိုရီးယား အစိုးရပိုင် Rodong Sinmun သတင်းစာက သတိပေးတိုက်တွန်းထားသည်။
ယင်းသည် တောင်ကိုရီးယားမှ ပျံ့နှံ့လာသည့်ဖက်ရှင်များ၊ ဆံပင်ပုံစံများနှင့် အသုံးအနှုန်းများနှင့် ပတ်သက်၍ နိုင်ငံပိုင်မီဒီယာမှ လောလော လတ်လတ် သတိပေးခြင်းဖြစ်သည်။
ထို့အပြင် မည်သို့သောနိုင်ငံခြား လွှမ်းမိုးမှုကိုမဆို တားမြစ်ရန်နှင့် ထိရောက်စွာ အရေးယူမည့် ဥပဒေသစ်၏ အစိတ်အပိုင်း တစ်ခု လည်းဖြစ် သည်။
မြောက်ကိုရီးယားနိုင်ငံမှ လူငယ်လူရွယ်များ အနေဖြင့် တောင်ကိုရီးယားနိုင်ငံတွင် ပြောဆိုလေ့ရှိသော ဘန်းစကားများ၊ အသုံးအနှုန်းများကို မပြောဆိုကြရန်နှင့်
“ဓနရှင်ဘူဇွာတို့၏ အမှတ်တံဆိပ်များ သင်္ကေတများနှင့် ယဉ်ကျေးမှုဆိုင်ရာ ထိုးဖောက်ဝင်ရောက်မှု များသည် သေနတ်ဖြင့် တိုက်ခိုက်သည် ထက်ပင် အန္တရာယ်ရှိကြောင်း”ကိုလည်း အဆိုပါ Rodong Sinmun သတင်းစာက သတိပေးရေးသားထားသေးသည်။
ဥပမာဆိုရသော် အမျိုးသမီးတစ်ဦးက သူ၏ ခင်ပွန်းသည်အား “အိုပါး”ဟုခေါ်ခြင်းသည် “အစ်ကိုကြီး”ဟု အဓိပ္ပါယ်ရသော်လည်း ချစ်သူ ရည်းစား ကိုလည်း ထိုသို့ခေါ်ဝေါ်ကြခြင်းမျိုး ကဲ့သို့သော တောင်ကိုရီးယားနိုင်ငံမှ အသုံးအနှုန်းများကို တားမြစ်ရန် မြောက်ကိုရီးယားက ရည်ရွယ်ထားကြောင်းသိရသည်။
Ref: North Korea warns young people against using slang from the South
Photo: AFP


LEAVE A REPLY

Please enter your comment!
Please enter your name here