ပြည်သူတွေအကုန်လုံး ကိုယ်ခံအားကောင်းပြီး ရောဂါတွေပျောက်ကင်းစေဖို့ မေတ္တာအမြဲတမ်း ပို့နေတယ်ဆိုတဲ့ ခိုင်သင်းကြည်

0
374

သရုပ်ဆောင်ခိုင်သင်းကြည်က သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ Liveလွှင့်နေတဲ့အချိန် commentsပေးထားတဲ့ သူတွေထဲက ကိုဗစ်ဖြစ်ပွါးနေတဲ့လူနာအယောက် ၃၀စာအတွက် ကြက်ပေါင်းနဲ့ ငါးဂျင်းပေါင်းများကို ပေးပို့လှူဒါန်း သွားမှာဖြစ်သလို ပရိသတ်တွေ အေးချမ်းကြပါစေလို့ သူမရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ဆုတောင်းပေးထားတာတွေလည်းရှိပါတယ်။

“ မနေ့ကမခိုင်လေးရဲ့ liveထဲမှာ comments ပေးကြတဲ့သူတွေထဲက p လူနာအယောက်၃၀ အတွက် မနက်ဖြန်ကြက်ပေါင်း နဲ့ငါးဂျင်းပေါင်းပို့ပေးပြီးလှူပါ့မယ်ရှင် ကိုယ်ခံအားတွေကောင်းပြီး ရောဂါအမြန်ဆုံးပျောက်ကင်းပါစေလို့ မခိုင်လေးဆုတောင်းပေးပါတယ်နော်
လိပ်စာမပြည့်စုံလို့ရယ် ဖုန်းနံပါတ် မပါလို့ရယ်မမြင်မိလို့ရယ် မပို့ဖြစ်ခဲ့တဲ့သူတွေကိုလည်း တောင်းပန်ပါတယ်နော် ခန္ဓသုတ်သံပေါက်ဂါထာလေးလည်း တင်ပေးလိုက်ပါတယ်ရှင့် နေ့စဉ်ရွတ်ဖတ်ကြပြီး ကိုဗစ်ရောဂါဆိုးကြီး ဘေးမှကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်” လို့ရေးသားထားပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here