NLD ခေါင်းဆောင်ပိုင်း အချို့ အကျဉ်းထောင်အတွင်းမှာ ကိုဗစ် ကူးစက်ခံထားရ ကွယ်လွန်သူ အချို့ လည်းရှိနေ

0
310
Photo Credit – U Phyo Min Thein fb

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း က ကိုဗစ်(၁၉) ကူးစက်ရောဂါ ခံစားရပြီး နောက် တပ်မတော်ဆေးရုံမှာ တက်ရောက် ကုသနေရာက သက်သာလာပြီဖြစ်လို့ ဆေးရုံဆင်းခွင့်ရရှိပြီးတပ်မတော်ရိပ်သာတစ်ခုမှာ ကွာရမ်တင်းအဖြစ် နေထိုင်နေပြီး ဆရာဝန်များရဲ့ စောင့်ကြည့်ကုသမူ့ကို ခံယူနေဆဲဖြစ်တယ်လို့သိရပါတယ်။

 

 

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသခံယူနေကြတဲ့ NLD CEC တွေဖြစ်သည့် ဦးဉာဏ်ဝင်းနှင့် ဦးဟံသာမြင့် တို့ထဲက ဦးဟံသာမြင့် လည်း ရောဂါသက်သာမှုရှိတယ်လို့သိရပါတယ်။

အင်းစိန်ထောင်က‌ နေ ရန်ကုန်ဆေးရုံကြီးကို ဇူလိူင် ၁၁ ရက်ကပြောင်းရွှေ့ကုသခံယူနေသူ ဦးဉာဏ်ဝင်း ကတော့ ယနေ့နံနက်တွင် ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဦးဉာဏ်ဝင်း

 

ဦးဉာဏ်ဝင်းက သွေးတိုး၊‌ဆီးချို အခံရှိတာကြောင့် ကိုဗစ်ကို မတွန်းလှန်နိုင်ခဲ့တာလို့ ယူဆရပါတယ်။

အကျဉ်းကျနေသူများထဲက ကိုဗစ်ဖြင့် ကွယ်လွန်သည်မှာ ဦးဉာဏ်ဝင်းအပါဝင် ၆ဦးရှိနေပြီဖြစ်ပါတယ်။

အကျဉ်းဦးစီးဌာန ကဖွင့်လှစ်ထားသည့် အကျဉ်းထောင်ဆေးရုံတွင် ကိုဗစ်လူနာ ၃၇၅ ယောက်တက်ရောက်ရာမှ ၁၅၂ယောက် ဆေးရုံဆင်းခွင့်ရခဲ့ပြီး၂၀၈ ယောက်ကတော့ကုသဆဲဖြစ်ကာ ရောဂါလည်းပျောက်လွတ်ရက်လည်းပြည့်တာကြောင့် ပြန်လည်လွတ်မြောက် လာသူ ၉ယောက် ရှိတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here