မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တွင် ကိုဗစ်ကူးစက်မှုအသစ်များ မြင့်မားနေဟု တရုတ်ဆို

0
120

ရွှေလီ၊ ဇူလိုင် ၂၀

ယခုနှစ် ဇန်နဝါရီလမှ ယနေ့အထိကာလအတွင်း မြန်မာနိုင်ငံနှင့်ထိစပ်နေသော ယူနန်ပြည်နယ် နယ်စပ်တစ်လျှောက်တွင် နေ့စဉ် ကိုဗစ်အတည်ပြုလူနာသစ်တွေ့ရှိမှု အမြင့်မားဆုံးသို့ ရောက်ရှိလာကြောင်း တရုတ်ဖက်မှ ပြောကြားသည်။

ယူနန်နယ်စပ်တွင် ဇူလိုင် ၁၉ ရက်နေ့က ကူးစက်မှုအသစ် ၆၅ ခု စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကိုဗစ်အတည်ပြုလူနာများအနက် ၄၁ ခုသည် ပြည်ပမှ ကူးစက်ခြင်းဖြစ်ကြောင်း ယင်းတို့သည် မြန်မာနိုင်ငံမှ ပြန်လာသော တရုတ်နိုင်ငံသားများဖြစ်ကြောင်းဆိုသည်။

အတည်ပြုလူနာအများဆုံးတွေ့ရှိသည့်နေရာများမှာ ရွှေလီနှင့် လုံချွမ်းမြို့တို့ဖြစ်ကာ ယင်း မြို့ငယ်၂ခုတို့သည် တရုတ်-မြန်မာ နယ်စပ်တွင်တည်ရှိသည်။

Ref: China reports spike in new COVID cases on border with Myanmar
Photo: CNS Photo via Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here