အောက်ဆီဂျင်တန်းစီနေတဲ့ပြည်သူများကို ထမင်းဗူးများသွားရောက်လှူဒါန်းခဲ့တဲ့ ဧငြိမ်းဖြူ

0
142

သရုပ်ဆောင်ဧငြိမ်းဖြူက အောက်ဆီဂျင်တန်းစီးနေရတဲ့ ပြည်သူများအတွက် ထမင်းဗူး ၁၀၀ ကို ဇူလိုင်လ၂၀ရက်နေ့က သွားရောက် လှူဒါန်းခဲ့တဲ့ အကြောင်း သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲပြောပြထားပါတယ်။

” ဒီနေ့မနက် Oxygen တန်းစီနေရတဲ့ပြည်သူတွေအတွက်
ထမင်းဗူး ၁၀၀ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ပါတယ်ရှင့်

အဲလောက်လူတွေများမယ်မှန်း မသိလို့ ထမင်းဗူး ၁၀၀ က ငါးမိနစ်အတွင်းမှာ ဘယ်လိုကုန်သွားမှန်းတောင်မသိဘူး

A စရောက်တဲ့အချိန်မှာ မိုးကအရမ်းရွာနေတာ

မိုးရေထဲမှာ ကိုယ်ပေးတဲ့ထမင်းဗူးလေးတွေ စားနေကြတာမြင်တော့ လူကပြန်ရောက်တဲ့ထိ တော်တော် စိတ်မကောင်းဘူး

နောက်ရက်တွေကျ အများကြီးသွားထပ်လှူအုံးမယ် ” လို့ ရေးသားထားပါတယ်။

#Popularjournal


LEAVE A REPLY

Please enter your comment!
Please enter your name here