ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး (UNOPS) မှတဆင့် Oxygen Concentrator အလုံး ၇၀၀ နှင့် လူနာတင်ယာဉ် ၁၄ စီး ထောက်ပံ့ ကူညီမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သတင်းထုတ်ပြန်

0
229
မြန်မာနိုင်ငံရှိ COVID-19လူနာများအတွက် Oxygen Concentrator များထောက်ပံ့ပေးအပ်ခြင်း
၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ (၂၁)ရက်။
ဇူလိုင်လ (၂၁)ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၌ လက်ရှိCOVID-19 ဖြစ်ပွားမှုကို တုန့်ပြန်သောအားဖြင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုများရုံး (UNOPS) မှ အကောင်အထည် ဖော်လျက်ရှိသော လက်ရှိစီမံကိန်းမှတဆင့် Oxygen Concentrator အလုံးရေ (၇၀၀)အထိ ထပ်မံထောက်ပံ့ရန် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။
၁။ ယခုနှစ် ဇွန်လကုန်ကတည်းက မြန်မာနိုင်ငံတွင် COVID-19 အခြေအနေသည် မြင့်တက်လာသော လူနာဦးရေများနှင့် တစ်နေ့လျှင် ရာပေါင်းများစွာသော သေဆုံးမှုများကြောင့် လျင်မြန်စွာယိုယွင်းလာခဲ့ပါသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် မြန်မာပြည်သူများ အတွက် လိုအပ်သော ကုသမှုများပေးနိုင်ရန်အတွက် Oxygen Concentratorများကို အလျင်အမြန် ထောက်ပံ့ပေးရန် အရေးပေါ် လိုအပ်နေပါသည်။
၂။ UNOPS နှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဤအထောက်အပံ့အစီအစဥ◌်အရ ဂျပန်နိုင်ငံအစိုးရသည် COVID-19 လူနာများကို ကုသပေးနေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုသရေးဌာနများသို့ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအတွက် Oxygen Concentratorများအား ထောက်ပံ့ပေးခြင်းဖြင့် မြန်မာပြည်သူများကို တိုက်ရိုက်ပံ့ပိုးပေးမည်ဖြစ်ပါသည်။
၃။ ဂျပန်နိုင်ငံအစိုးရသည် Oxygen Concentratorများအပြင် COVID-19 လူနာများအား ကုသမှုပေးနေသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ လူနာတင်ယာဉ် (၁၄)စီး ကို မကြာမီလွှဲပြောင်းပေးအပ်မည်ဖြစ်သည်။ ဤလူနာတင်ယာဉ်များကို COVID-19ရောဂါကူးစက်ခံရသောလူနာများအား အရေးပေါ်သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။
Source: 在ミャンマー日本国大使館/Embassy of Japan in Myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here