ဂေဟာက ကလေးတချို့ အရေးပေါ်ဆေးရုံတင်ထားရတဲ့အတွက် စိုးရိမ်နေရတဲ့ ခိုင်နှင်းဝေ

0
199

သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ ဂေဟာမှာ သူမရဲ့သားသမီးလေးတွေ နေမကောင်းဖြစ်​ပြီး အရေးပေါ် ဆေးရုံတင်ထားရတာတွေ ရှိနေတဲ့ အတွက် စိတ်တွေ ပူပန်နေရတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ သားတွေ သမီးတွေကို တပြိုင်ထဲ အရေးပေါ် ဆေးရုံတင်ထားရလို့ စိတ်ပူနေရသလို ခုနှစ်ရက် သားသမီး အားလုံး အတွက်လဲ စိတ်ပူပန်ရတုန်းပဲမို့ ဒီရက်တွေကို အမြန် ကျော်ဖြတ်ချင်ပါတယ်..ကလေးတွေ အားလုံးကို သေချာ ဂရုစိုက်ကုသပေးပါသော ရန်ကင်းကလေးဆေးရုံကြီး မှ ဆရာဝန်ကြီးများနှင့် အဖွဲ့သားများအားလုံးကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်ရှင်.. အားလုံးပဲ အားတင်းပြီး ဆက်လက်တိုက်ပွဲဝင်ကျော်ဖြတ်နိုင်ကြပါစေရှင်..”လို့ ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here