Remdesivir ဆေး အလုံး ၃သောင်း နေပြည်တော်သို့ ရောက်ရှိ

0
150
ကိုဗစ်၁၉ ကူးစက်မြန်ရောဂါ အရေးပေါ်ကုသရာမှာ အသုံးပြုဖို့ အတွက် Remdesivir ကုသဆေး အလုံး ၃ သောင်း ဇူလိုင်လ ၂၀ ရက် (မနေ့) ညပိုင်းက နေပြည်တော်ကိုရောက်ရှိလာပြီး နစက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း လက်ခံရယူခဲ့ပါတယ်။
မြန်မာကျပ်ငွေ ၃ဘီလျံခန့်တန်ဖိုးရှိတဲ့ Remdesivir ကုသဆေးအလုံး ၃သောင်းဟာ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် အပြည်ပြည် ဆိုင်ရာလေဆိပ် မှတဆင့် နေပြည်တော်တပ်မတော်လေဆိပ်ကို မနေ့ညကရောက်ရှိခဲ့တာပါ။ ယခုရောက်ရှိလာတဲ့ဆေးတွေကို ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်၁၉ ရောဂါကုသရေးဆေးရုံများသို အမြန်ဆုံးဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။
Remdesivir ဆေးဟာ ကူးစက်မြန်ကိုဗစ်၁၉ ရောဂါအား ကုသရာမှာ အထိရောက်ဆုံးနဲ့ လူသေဆုံးမှုနှုန်းကို လျှော့ချနိုင်မှုအရှိဆုံး ဆေးလည်းဖြစ်ပါတယ်။ အဲ့ဒီ့ကုသဆေးကို အမေရိကန်နိုင်ငံ မှတီထွင်ထုတ်လုပ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် FDA ထောက်ခံချက်ရရှိခဲ့ပြီး ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါကုသမှုမှာ အသုံးပြုလျက်ရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here