အကောက်ခွန်ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သော ကုန်ပစ္စည်းများ အားလုံးကို ထုတ်ပေးကြောင်း အသိပေး

0
147

ရန်ကုန် ဇူလိုင် ၂၂

အကောက်ခွန်ဦးစီးဌာနမှ ရုံးပိတ်ရက် အတွင်း ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သော ကုန်ပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်းနှင့် လေကြောင်းဖြင့်ရောက်ရှိလာသော ပစ္စည်းများအား Airport Direct Delivery (APDD) မှ လေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေး မှူး၏ခွင့်ပြုချက်ရယူပြီး ထုတ်ယူနိုင်ကြောင်း အသိပေးကြေညာထားသည်။

ထို့နောက် ဘဏ်များအားလုံး ပိတ်ထားသောကြောင့် အခွန်အကောက်များကို ဘဏ်များပြန်ဖွင့်ချိန်တွင် ပစ္စည်းထုတ်ယူပြီးနေ့မှ (၂)ပတ် အတွင်း အမြန်ဆုံးပြန်လည် ပေးသွင်းမည်ဖြစ်ကြောင်း ဝန်ခံကတိပူးတွဲတင်ပြပါက ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သော ကုန်ပစ္စည်း များထုတ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

Oxygen Concentrator နှင့် Oximeter များကို FDA ကင်းလွတ်ခွင့်ပြု၍ တင်သွင်းခွင့်ပြုသော်လည်းကိုဗစ်-၁၉ ရောဂါရှိမရှိ စမ်းသပ်သော Test Kit များ တင်သွင်းရာတွင် FDA ၏ထောက်ခံချက်ရရှိမှသာ တင်သွင်းဖြန့်ဖြူးနိုင်မည်ကြောင်း အကောက်ခွန်ဦးစီးဌာနမှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here