နေပြည်တော် ဇူလိုင် (၂၂)
ဗီဇပြောင်း ကိုဗစ်(၁၉)တတိယလှိုင်းကူးစက်မှုကို လျော့ချနိုင်ရန်အတွက် မှာယူထားသောကာကွယ်ဆေးများ ယနေ့စတင်ရောက်ရှိလာမည်ဖြစ်ပြီး ယခုလကုန်မှစတင်ကာ အရှိန်အဟုန်ဖြင့်ထိုးနှံပေးသွားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။
ပြည်တွင်းသို့တရုတ်နှင့်ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ ဆက်တိုက်ရောက်ရှိလာမည်ဖြစ်ပြီး အသက်(၆၀)ကျော်အရွယ်များနှင့်ရောဂါအခံရှိသူများ အလွယ်တကူရောဂါပိုးကူးစက်နိုင်သူများကို အဓိက ဦးစားပေး ထိုးနှံသွားမည်ဖြစ်သည်။
တရုတ်နိုင်ငံမှဝယ်ယူထားသည့် ကာကွယ်ဆေးအပြင် လှူဒါန်းထားသောကာကွယ်ဆေး နှစ်သန်းလည်း ရောက်ရှိလာမည်ဖြစ်သဖြင့် တိုင်းနှင့်ပြည်နယ်များအလိုက် ကာကွယ်ဆေးထိုးနှံခြင်းကို တပြိုင်နက်ဆောင်ရွက်သွားရန်စီစဉ်ထားသည်။
WHO မှ အရေးပေါ် ကာကွယ်ဆေးများအဖြစ်ခွင့်ပြုထားသည့် ကာကွယ်ဆေးများကိုသာ ပြည်တွင်း၌ ထိုးနှံပေးမည်ဖြစ်သဖြင့် ထိုးနှံခွင့်ရသူများ အပြည့်အဝထိုးနှံကြရန်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ရုရှားနိုင်ငံမှကာကွယ်ဆေး အမျိုးအစားတစ်မျိုးကိုလည်း ပြည်တွင်း၌ပင်ထုတ်လုပ်ရန် နစက အစိုးရက စီစဉ်နေပြီး (၂၀၂၁)မကုန်ခင် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ငါးဆယ်ရာခိုင်နှုန်းရှိရန် ရည်ရွယ်ဆောင်ရွက်နေသည်။