မှာယူထား‌ေသာအောက်စီဂျင်အိုး​ပေါင်း နှစ်​သောင်းခန့် ယခု မှ ဇူလိုင်လကုန်ထိ ချင်း​ရွှေ​ဟော်ဖက်မှဝင်လာမည်

0
85
ရန်ကုန်၊‌ဇူလိုင် ၂၂
မြ၀တီ၊မူဆယ်၊ချင်းရွှေဟော်နယ်စပ်များမှ ကိုဗစ်(၁၉)အတွက် လိုအပ်သော ဆေးနှင့်အောက်စီဂျင်ပစ္စည်းများအား ယခုရက်များအတွင်း မှာယူနေကြပြီး မကြာခင်မှာ အဆင်ပြေလာနိုင်ဖို့ ကုန်သည်အားလုံးက ပူးပေါင်းလုပ်ဆောင်နေကြပါသည်။
ချင်းရွှေဟော် နယ်စပ်မှ မန္တလေးထိ အောက်စီဂျင် အိုး ဝယ်ယူရသည့် စျေးနှုန်း မှာ
40L တစ်အိုး 580 Yuan*250 = 145000
Flow meter100Yuan*250 = 25000
ဂျူတီ ဆောင်ခ= 6000
MDY အ ရောက် ကားခ =2500
စုစု ပေါင်း =178500
ဇူလိုင် ၂၀ရက်ကပေါက် စျေးနှုန်း ဖြစ်ပါသည်။
မြန်မာပြည် မှအလုံး ရေ နစ် သောင်းခန့်ဝယ်ယူထားသဖြင့် အချိန်မှီပို့ နိင် အောင် တရုတ်ဖက်က ထုတ်လုပ်နေကြောင်းသိရပါသည်။
ယခု မှ ဇူလိုင်လကုန်ထိ ချင်း ရွှေ ဟော်ဖက်မှ တင်သွင်းနိုင်သည့်ပမာဏမှာ အောက်စီဂျင်အိုး ပေါင်း နှစ် သောင်းခန့် ရှိနိုင်ပါသည် ။ ၎င်း ရောက်ရှိမည့်အိုးများမှာ ကြိုတင်မှာယူထားပြီးဖြစ်ပါသည် ။ ထို ကြောင့် စျေးကွက်၏ အောက်စီဂျင်လိုအပ်ချက်များကို အသင့်အတင့် ဖြည့်တင်းနိုင်မည်ဖြစ်ပါသည်။
ဇူလိူင် တတိယပတ်ထိ 7500လုံးဝယ်ယူတင်ပို့ပြီးဖြစ်ပါသည်။
အမှာများသောင်းချီတက်နေပြီး စီချွမ်ဖက်ကမှာလျှင် ၂ ပတ်ကြာမည်။ကူမင်းဖက်ကမှာလည်းရသည်။သိုသော် ကူမင်း ဖက်ကဆိုလျှင် ဈေးအနည်းငယ်မြှင့်ပါမည်။အောက်ဆီဂျင်အိုးသေးများဖြစ်သည့် 20L, 15L, 10L များကဝယ်ယူရန် ရှားပါးပါသည်။အောက်ဆီဂျင်စက်များလည်း သွင်းရန် စီစဉ်နေပါသည် ဟု ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လွင်လွင်မာက ပြောသည်။
ကုန်သည်စက်မှု့အသင်းချုပ် (UMFCCI)အနေဖြင့်လည်း အောက်ဆီဂျင်အိုး ၂၀၀ နှင့် အောက်ဆီဂျင် concentrator စက် အလုံး ၃၀ မှာယူထားပြီးဖြစ်လို ဩဂုတ်လဆန်းလောက်တွင် အသင်းသားများနှင့်ပြည်သူသို့ လိုအပ်ချိန် ကူညီနိုင်ရန်ပြင်ဆင်နေကြောင်းသိရပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here