Stay at Home မြိုပေါင်း (၈၆)မြိုအထိ ရှိလာခဲ့သော်လည်း Lock Down ချရန်အစီစဉ်မရှိသေး

0
77
နေပြည်တော် ဇူလိုင် (၂၁)
ကိုဗစ်(၁၉)ကူးစက်မှု များကို ထိန်းချုပ်နိုင်ရန် ကူးစက်မှုမြင့်မားသည့်မြိုများကို stay at home အဖြစ်ကြေညာခဲ့ရာ တစ်နိုင်ငံလုံး အနေ နဲ့မြိုပေါင်း(၈၆)မြိုနယ် ရှိလာခဲ့သော်လည်း Lock Down ချသည်အထိ ဆောင်ရွက်ရန်အစီစဉ်မရှိသေးကြောင်း ကျန်းမာရေးနှင့် အကစားဝန်ကြီးဌာနမှသိရသည်။
ယမန်နေ့က ကချင်ပြည်နယ်နှင့်မကွေးတိုင်းရှိ မြိုနယ်(၁၂)ခုကို stay at home အဖြစ်ကြေညာခဲ့ပြီး နောက် စုစုပေါင်းမြိုနယ်(၈၆)ခုအထိ ရှိလာခဲ့သည်။
ပြည်သူများကို နေအိမ်တွင်သာနေထိုင်ရေး အစီစဉ်တွင်အကျုံးဝင်သည့် stay at home အဖြစ်သာမြိုများကို သတ်မှတ် ထိန်းချုပ် သွားမည်ဖြစ်ပြီးအလုံးစုံ ပိတိဆိုလိုက်သည့် Lock Down အခြေအနေကို ဆောင်ရွက်ရန်မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြည်တွင်း၌ဖြစ်ပွားနေသည့် ကိုဗစ် ကူးစက်မှုများမှာ ဒေသအခြေအနေများအရ မိမိနေအိမ်တွင်နေထိုင်ခြင်း၊ မလိုအပ်ဘဲအပြင် မထွက်ခြင်းများပြုလုပ်ရုံနှင့် ထိန်းချုပ်နိုင်သည့်အနေအထားဖြစ်ကာ မြိုများကိုပိတ်ဆိုသည်အထိ ဆောင်ရွက်ရသည့် Lock Down အခြေအနေကို ကျင့်သုံးရန်မလိုသေးကြောင်းသိရသည်။
လက်တလောတွင် ကိုဗစ်ကူးစက်မှု က နေ့စဉ် မြင့်တက်နေပြီးသေဆုံးသူအရေအတွက်ကလည်း စံချိန်တင် များပြားနေသည့်အတွက် လက်ရှိ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး အခြေအနေများကို ပြည်သူများက ဝေဖန်ပြောဆိုမှုများလည်းရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here