ပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် နစက နှင့် မင်းတပ် CDF တို တိုက်ပွဲပြန်ဖြစ်၊ ဘုရားကုန်းပေါ်တွင်လည်းနစက တပ်များနေရာယူထား။

0
249
မင်းတပ် ဇူလိုင် ၂၁
နစကနှင့် မင်းတပ် CDF တို့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ပျက်ပြယ်သွားခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၁ရက်အစောပိုင်းကတည်းက တိုက်ပွဲပြန်ဖြစ်ပွါးကာ ဘုရားကုန်းပေါ်တွင်လဲနေရာယူထားသည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နစကတပ်များနှင့် မင်းတပ် CDF တို့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု (၁၆-၇-၂၀၂၁)ရက်နေ့မှစ၍ ပျက်ပြယ်ပြီးနောက် နှစ်ဖက်တင်းမာမှုများ ဖြစ်လာခဲ့သည်။ နစကတပ်များက UNHCR ကို မင်းတပ်မြို့ တွင်းရှိစစ်ရှောင်စခန်းများတွင် ပစ္စည်းများဝေခွင့်ပြုခဲ့ပြီးနောက် ရွာဖက်များဆီသို့ရုတ်တရက် ပြန်လည်ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
မင်းတပ်မြို့ နယ်အတွင်း လက်ရှိအချိန်တွင် နယ်မြေခံတပ်ရင်း (၂၇၄) အပါအဝင် တပ်ရင်း (၆) ရင်းက လှုပ်ရှားလျက်ရှိပြီး တပ်ရင်း (၄) ရင်းသည် လူမြင်ကွင်းတွင် လှုပ်ရှားပြီး ကျန်တပ်ရင်း (၂)ရင်းမှာ တပ်ပျောက်ထားသည်ဟုလည်းသိရသည်။
မတူပီမြို့ မှ စစ်ကြောင်းတစ်ကြောင်း (၁၉.၇.၂၀၂၁) ရက်နေ့မှစ၍ မင်းတပ်မြို့ ကိုဦးတည် ထွက်ခွာလာပြီး လက်ရှိအချိန်တွင် မိုင် ၇၀ ဝန်းကျင်တွင် ရှိနေပြီး မင်းတပ် CDF နှင့် ထိတွေ့မှု မရှိ သေးဟု သိရသည်။
ယနေ့ ဇူလိုင်လ ၂၁ရက်နေ့ မနက် ၆:၄၅ မိနစ် တွင် နစကတပ်နှင့် မင်းတပ် CDF တို့ မကွေးတိုင်းနှင့် ချင်းပြည်နယ်စပ်နား ရွှေတွင်းတူးရွာနားတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိတိုက်ပွဲဖြစ်ပွား နေသည် “ဟုမင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here