တရုတ်နိုင်ငံ ဟေနန်ပြည်နယ်တွင် ရေလွှမ်းမိုးမှုဖြစ်ပွားသဖြင့် ၁၆ ဦးထက်မနည်းသေဆုံး၊ လူ ၂သိန်းခန့် ရေလွတ်ရာသို့ရွှေ့ပြောင်းနေရ

0
146
ဟေနန်၊ ဇူလိုင် ၂၁
တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဟေနန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားသဖြင့် လူ ၁၆ ဦးထက်မနည်းသေဆုံးကာ ဒေသအချို့ ရေလွှမ်းမိုးခံရပြီး မီးရထားပြေးဆွဲမှုများလည်းရပ်ဆိုင်းထားရသည်။
ဒေသနေပြည်သူ ၂သိန်းခန့်မှာလည်း ရေဘေးလွတ်ရာ သို့ရွှေ့ပြောင်းနေထိုင်ကြရပြီး၊ တရုတ် လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင် များက ဟေနန်ပြည်နယ်၏ မြို့တော်ဖြစ်သည့် ကျန်ကျိုးမြို့တွင် ကယ်ဆယ်ရေးများကူညီဆောင်ရွက်ပေးလျှက်ရှိသည်။
ကျန်ကျိူးမြို့တွင် လူဦးရေ ၁ဝသန်းကျော်နေထိုင်ပြီး ပေကျင်းမြို့မှ အရှေ့တောင်ဖက် မိုင်လေးရာကျော်ခန့်အဝေးတွင်တည်ရှိသည်။ ယင်းမြို့တွင် ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေလွှမ်းမိုးခြင်းသည် နှစ်ပေါင်း ၆ဝအတွင်း စံချိန်တင်ရေလွှမ်းမိုးခြင်းဖြစ်ကြောင်း တရုတ်မိုးလေဝသဌာနများကဆိုကြသည်။
Ref: Central China: 16 dead in flooded Zhengzhou metro, landslides


LEAVE A REPLY

Please enter your comment!
Please enter your name here