ကချင်နှင့် မကွေးတိုင်းမှ မြို့ နယ် ၁၂ ခုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay At Home သတ်မှတ်

0
187
ကချင်ပြည်နယ်ရှိ မြို့ နယ်(၃)ခုနှင့် မကွေးတိုင်းမှ မြို့ နယ် ၁၂ ခုကို နေအိမ်မှာနေရန် Stay at home မြို့ နယ်များအဖြစ် သတ်မှတ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၀ရက်တွင် ထုတ်ပြန်ကြေညာ၍ ယနေ့ ဇူလိုင်လ (၂၁)ရက် မနက်(၄)နာရီမှ စတင်၍အကျုံးဝင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာသည်။
ကချင်ပြည်နယ်နှင့် မကွေးတိုင်းမှ မြို့ နယ်များသည် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုများလာပြီး ပိုးတွေ့နှုန်းမြင့်တက် လာသည့်အတွက် အဆိုပါမြို့ နယ်များကို Stay at home ကြေညာခြင်း ဖြစ်ကြောင်းရေးသားထားသည်။
ပြည်သူများအားမိမိနေအိမ်တွင်သာနေထိုင်ရန်၊ မဖြစ်မနေအရေးကြီးကိစ္စရှိမှသာ တစ်အိမ်လျှင်တစ်ဦးနှုန်းထွက်ရန်နှင့် ချမှတ်ထားသော စည်းကမ်းများ အားလိုက်နာရန် ပြောကြားထားသည်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ဇူလိုင်လ ၂၀ ရက်အထိ စုစုပေါင်း ကိုဗစ်အတည်ပြု လူနာ ၂၄၀၅၇၀ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၆၇၁၇၁ ဦး နှင့် သေဆုံးသူ ၅၅၆၇ဦး ရှိပြီဖြစ်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here