နေပြည်တော်တွင် မှတ်ပုံတင်ထားသည့်မော်​တော်ယာဉ်အစီးရေ ၆၀၀ ကျော်ကို ပြောင်းလဲထားသည့် ဖောင်းကြွနံပါတ်သစ်များ ရောင်းချပေးထား

0
313
နေပြည်တော် ဇူလိုင် ၂၁
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီးရေ ၆၂၁ စီး အတွက် ဖောင်းကြွနံပါတ်ပြား အသစ်များ ရောင်းချပေးထားပြီးဖြစ်ကြောင်း နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မော်တော်ယာဉ်များတွင် တပ်ဆင်သည့် လက်ရှိဖောင်းကြွနံပါတ်ပြား၌ တိုင်းဒေသကြီး/ပြည်နယ် သင်္ကေတ ၊ ရောက်ရှိအက္ခရာနှင့် ဂဏန်းများသာပါရှိရာမှ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် ဒေသ သင်္ကေတ တို့အပြင် မြိုနယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တို့ကိုပါ ထပ်တိုးထည့်သွင်းဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော်အတွင်း ဇူလိုင်လ ၁ ရက်နေ့နဲ့ ၁၆ ရက်နေ့ထိတွင် မော်တော်ယာဉ်အစီးရေ ၆၂၁ စီး ကို ပြောင်းလဲထားသည့် ဖောင်းကြွနံပါတ်ပြားသစ်များ ရောင်းချလဲလှယ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
” စဆောင်ရွက်ပေးတဲ့ချိန်ကနေ ဇူလိုင် ၁၆ ရက်နေ့ထိက မော်တော်ကားကြီးပဲ ၆၂၁ စီးကို ဖောင်းကြွနံပါတ်ပြားသစ်တွေ ရောင်းချပေးထားပါပြီ။ မှတ်ပုံတင်ထားတဲ့ မော်တော်ကားအရေအတွက်နဲ့ဆိုရင် အများကြီး ရောင်းချဖို့ကျန်ပါသေးတယ်” ဟု နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း မှတ်ပုံတင်ထားသည့် မော်တော်ကားအစီးရေ ၃၅၀၀၀ ခန့်ရှိရာမှ အစီးရေ ၆၂၁ စီးသာ ရောင်းချထားရသေးကြောင်း၊ ထိုသို ဖောင်းကြွနံပါတ်ပြားသစ်များ တပ်ဆင်ခြင်းဖြင့် မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင်ယာဉ်များ၌ တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်ခြင်း၊ မော်တော်ယာဉ်တည်ရှိသည့်မြိုနယ်ကိုပါ ခွဲခြားသိရှိ နိုင်ခြင်းယာဉ်နံပါတ်ပြားနှင့် မော်တော်ယာဉ် တိကျမှန်ကန်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင် မည်ဖြစ်ကြောင်း၊ ထိုပြင် လုံခြုံရေးပိုင်းဆိုင်ရာအချက်အလက် (Security Feature) များအပြင် တိုင်းဒေသကြီး/ ပြည်နယ်ဒေသ သင်္ကေတ၊ မြိုနယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တိုပါရှိသော အင်္ဂလိပ်အက္ခရာ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ပထမအဆင့် အနေဖြင့် ကနဦးမှတ်ပုံတင်ခြင်း၊ နယ်ဝင်/အမည်ပြောင်းခြင်း ဆောင်ရွက်သည့် မော်တော်ယာဉ်များနှင့် ပိုင်ရှင်ဆန္ဒအရ ပြောင်းလဲတပ်ဆင်လိုသည့်ယာဉ်များ၌ ဇူလိုင်လ ၁ ရက်မှစ၍ ပြောင်းလဲတပ်ဆင် ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here