လက်ရှိ ကိုဗစ်-၁၉ရောဂါအခြေအနေများကြောင့် အခြေခံပညာကျောင်းများအား ရက်ထပ်တိုး၍ ယာယီပိတ်ထားမည်ဟု နစကထုတ်ပြန်

0
179
ရန်ကုန်၊ ဇူလိုင် ၂၃
မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါအား အချိန်မီထိန်းချုပ်ကာကွယ်နိုင်ရန် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင် အခြေခံပညာကျောင်းများကို ၂၀၂၁ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှ ဇူလိုင်လ ၂၃ရက်နေ့ အထိ ယာယီပိတ်ထားခဲ့ရာ ယခုအခါတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှုများပြားလာပြီး ၎င်းအား ဆက်လက် ထိန်း ချုပ်နိုင်ရန် အတွက် ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့မှ ဩဂုတ်လ ၈ရက်နေ့အထိ (၂)ပတ်တိတိ ယာယီ ထပ်တိုးပိတ်ထား မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အစတွင် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာ စတင်ဖြစ်ပွါးခဲ့ခြင်းကြောင့် ပုံမှန်ကျောင်းဖွင့်ရာသီထက် တစ်လ နောက်ကျ၍ ကျောင်းများဖွင့်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ဩဂုတ်လမှစတင်၍ မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများ အားလုံး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားခဲ့သည်။
ထိုနောက် နစကမှ အဆိုပါအခြေခံပညာကျောင်းများကို ၂၀၂၁ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here