ရေမွန် ကွယ်လွန်ခြင်း တလပြည့် ဝါဆိုသင်္ကန်းကပ်လှူ

0
143

အဆိုတော် ရေမွန် ကွယ်လွန်ခြင်း တလပြည့်အဖြစ် Idiots Band မှ အဖွဲ့သားများက ရေမွန်ရဲ့ နေအိမ်မှာ ဆွမ်း၊ ဝတ္ထုနှင့် ဝါဆိုသင်္ကန်းတို့ ဆည်းကပ် လှူဒါန်းခဲ့ပါတယ်။

“သတိရတယ် သားကြီးရေ။ မင်းခွဲခွါသွားတာ ၁ လတောင် ရှိခဲ့ပြီ။ မြင့်မြတ်တဲ့ ဘုံဘဝကနေ သာဓုခေါ်ကွာ။ ငါတို့အားလုံးရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ We Love You”

“ရေမွန်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် သူရဲကောင်းများနှင့် ၇ ရက်သားသမီးများအား အမျှကုသိုလ် ပေးဝေပါတယ်။ အမျှရကြ၍ သာဓု အနုမောဓနာ ခေါ်ဆိုကြပါ။ ကုသိုလ် အမျှ၊ အမျှ၊ အမျှ”လို့ Idiots Band အဖွဲ့သားများက ရေးသားထားပါတယ်။

Popularjournal

 


LEAVE A REPLY

Please enter your comment!
Please enter your name here