ဗဟန်းရွှေကျင်ကျောင်းသစ်ရှိဆရာတော်များကို ကိုဗစ်ရောဂါစစ်ပေးခဲ့တဲ့ ပိုးကြာဖြူခင်တို့ သားအမိ

0
207

ဇာတ်လမ်းတွဲ သရုပ်ဆောင်ပိုးကြာဖြူခင်ဟာ မိခင်ဖြစ်သူက သူနာပြုဆရာမကြီး ဖြစ်တဲ့အတွက် ဗဟန်းရွှေကျင်ကျောင်းသစ်ရှိ ဆရာတော်၊ သံဃာတော်များကို Covid-19ရောဂါ များစစ်ပေးခဲ့တဲ့ အကြောင်းကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 ” ဒီနေ့ ကျမတို့ သားအမိ ၂ ယောက် ရဲ့ ကျန်းမာရေး လုပ်အားပေး အလှူ  ကျမ အမေ သူနာပြု ဆရာမကြီးနဲ့ အတူ ဗဟန်း ရွှေကျင်ကျောင်းသစ်ရှိ ဆရာတော် သံဃာတော်များနှင့်တကွ ဘုန်းကြီးကျောင်းရှိ သူများအားလုံးကို Covid-19 စစ်ပေးခဲ့ပါတယ် အောက်စီဂျင် လိုအပ်နေတဲ့ ဆရာတော်ကြီး အတွက်လဲ အမြန်ဆုံး ရှာပေးနေပါတယ်  Covid test ကိုတော့ Made in Korea VERI-Q Mico Biomed တံဆိပ် သုံးပါတယ်  Test kit ဝယ်လိုသူများ Pk’s Collections မှာ ဆက်သွယ်ဝယ်ယူလို့ ရပါတယ် ဘုန်းကြီးကျောင်းများ ၊ သီလရှင်ကျောင်းများ ၊ ပရဟိတ အသင်းများ ၊ ပရဟိတ ဂေဟာများ အနေနဲ့ ကိုဗစ်စစ်ဆေးလိုလျှင် ဆက်သွယ်ပေးပါ test kit များကို လက်ကားစျေးအတိုင်း စျေးလျှော့ပြီး ရောင်းပေးပါမယ် ကိုယ်တိုင်လဲ အခမဲ့ လိုက်စစ်ပေးပါမယ်ရှင့်  အားလုံးပဲ ကိုဗစ်အန္တရာယ် မှ လွတ်မြောက်ကြပါစေ  “လို့ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here