သွေးလှူဒါန်းမှုတွေအတွက် အမျိုးသားသွေးဌာနကို ဇူလိုင်လ(၂၆ )ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မည်

0
138
ရန်ကုန် ဇူလိုင် (၂၅)
ခေတ္တရပ်နားထားတဲ့ သွေးလှူဒါန်းမှုတွေကို ဇူလိုင်လ (၂၆) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ အမျိုးသားသွေးဌာန(ရန်ကုန်)မှ သိရပါတယ်။
ဇူလိုင်လ( ၂၀) ရက်နေ့က( ၂၅ )ရက်နေ့ထိ သွေးလှူဒါန်းခြင်းတွေကို ယာယီရပ်နားထားပြီး ဆေးရုံမှာရှိတဲ့လူနာတွေအတွက် သွေး ထုတ်ပေးခြင်း ကိုတော့ ရပ်နားခြင်းမရှိပဲ ဆက်လက်ထုတ်ပေးနေတယ်လို့ သိရပါတယ်။
ကိုဗစ် ၁၉ ကာလအတွင်း ရောဂါကူးစက်မှုကိုထိရောက်စွာ ကာကွယ်နိုင်ဖို့ သွေးလှူရှင်တွေအနေနဲ့ ကြိုတင်စာရင်းပေးပြီးမှသာ လှူဒါန်းဖို့ ကိုလည်း အမျိုးသားသွေးဌာန(ရန်ကုန်)က မေတ္တာရပ်ခံထားပါတယ်။အွန်လိုင်း booking မလုပ်ပဲ သွေးလှူဒါန်းလိုသူတွေ အနေနဲ့ သွေးလှူဖို့အချိန် ၅ မိနစ်ခန့် စောင့်ဆိုင်းရမယ်လို့လည်း အမျိုးသားသွေးဌာနက အသိပေးထားပါတယ်။
၂၀၁၈ခုနှစ်မှာ အမျိုးသားသွေးဌာနက သွေးယူနစ်ပေါင်း ၉၆၀၀၀ ကို ဖြန့်ဖြူးပေးခဲ့ပြီး ပြည်သူ့ဆေးရုံကြီးတွေအပြင် ပုဂ္ဂလိကဆေးရုံပေါင်း ၃၀ခန့်မှ အရေးပေါ်သွေးလိုအပ်ချက်တွေကိုပါ ထောက်ပံ့ကူညီပေးနေတယ်လို့ သိရပါတယ်။ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံ များကိုထောက်ပံ့ကူညီပေးခဲ့တဲ့ သွေးယူနစ်စုစုပေါင်းမှာ ၂၀၁၈ ခုနှစ်မှာ ယူနစ် ၉၀၀၀၀ ကျော် ၊ ၂၀၁၉ ခုနှစ်မှာ ယူနစ် ၁၀၀၀၀၀ ကျော်နဲ့ ၂၀၂၀ ခုနှစ်မှာ ယူနစ် ၆၀၀၀၀ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
အမျိုးသားသွေးဌာနသည် စေတနာရှင်ပြည်သူများလှူဒါန်းပေးသော သွေးများကို ပြည်သူ့ဘဏ္ဍာငွေဖြင့် လက်ခံ၊စုဆောင်း၊ စစ်ဆေး၊ပြင်ဆင် ၊ထိန်းသိမ်းဖြန့်ဝေလျက်ရှိတာကြောင့် လှူဒါန်းထားသော သွေးနှင့်သွေးပစ္စည်း များအတွက် ဆေးရုံများအနေနဲ့ အခကြေးငွေ လုံးဝမယူဖို့ကိုလည်း အသိပေးထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here