ဆုံးပါးသွားသည့်ရုပ်ခန္ဓာထည့်ရန် အိတ်များ ချုပ်ပြီး အခမဲ့ပေးမည့် စက်ရုံ

0
164
ရန်ကုန် ဇူလိုင် (၂၅ )
ရန်ကုန်မြို့အပါအဝင် အခြားမြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးလူနာများ များပြားလာပြီး အဆိုပါသေဆုံးလူနာများအား စောင်၊ ပလတ်စတစ်များနှင့်ပတ်၍ ထားရှိသောကြောင့် ၎င်းမှတစ်ဆင့် ပိုးများပျံနှံမည်စိုးရိမ်သဖြင့် Nan Lu Garment and Distribution မှ အတွင်း Non-woven တစ်ထပ် အပြင် မိုးကာတစ်ထပ် ချုပ်ထားသော Dead Body သက်မဲ့ခန္ဓာထည့်သည့် အိတ်များ တတ်နိုင်သလောက် အခမဲ့ချုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။
Dead Body သက်မဲ့ခန္ဓာ သယ်ရသော ပရဟိတ ကားများအနေဖြင့် နေ့စဥ် မြိုအသီးသီးရှိ ရုံးတွေမှာ အခမဲ့ထုတ်ယူပေးရန်နှင့် နာရေးရှိသောနေရာများကလည်း ရုံးများတွင် အခမဲ့လာထုတ်နိုင်ကြောင်း‌ကြေငြာထားသည်။
သက်မဲ့ခန္ဓာထည့်သော အိတ်အား ချုပ်ရက်ကြာချိန်မှာ ၇ ရက်ခန့်ကြာမည်ဖြစ်၍ အိတ်များရရှိသည့် အခါတွင်လည်း ၎င်းတို၏ ဖေ့ဘွတ်စာမျက်နှာ ပေ့ချ် Nan Lu Garment and Distributionတွင်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအိတ်များ ထုတ်ယူနိုင်သောမြို့များမှာ ရန်ကုန်တွင် ယုဇနပလာဇာ၊ ဗိုလ်မြတ်ထွန်း၊ ရွှေပြည်သာ၊ အောင်မင်္ဂလာ (အဝေးပြေး ကားကွင်း)၊ လှည်းကူး၊ နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ မြစ်ကြီးနားနှင့် တောင်ကြီးမြို့တို့တွင်ထုတ်ယူနိုင်သည်။
Myanmar sky run အထည်ချုပ်စက်ရုံမှလည်း dead body သက်မဲ့ခန္ဓာထည့်တဲ့အိတ်တွေကိုချုပ်လုပ်လှူဒါန်းတာတွေရှိပါတယ်။ ဇူလိုင်လထဲမှာပဲ Myanmar sky run အထည်ချုပ်စက်ရုံက dead body ထည့်တဲ့အိတ် အလုံး (၁၀၀) ကို ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲကို လှူဒါန်းခဲ့ပါသေးတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here