ကိုဗစ်ကာကွယ်ဆေးတွေကို ဇူလိုင်လ (၂၆)ရက်(မနက်ဖြန်) ကစပြီး မြိုနယ်အလိုက်ထိုးနှံပေးမည်

0
169
နေပြည်တော် ဇူလိုင် ၂၅
ပြည်တွင်းကိုရောက်ရှိနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေကို မနက်ဖြန် ဇူလိုင်လ (၂၆)ရက်နေ့ကစပြီး မြို့နယ်အလိုက် ထိုးနှံပေး သွားတော့မှာဖြစ်ပါတယ်။
အသက်(၆၅)နှစ် အထက်ရှိသူတွေကို ပဏာမ စာရင်းကောက်ယူထားပြီး မြို့နယ်အလိုက် သတ်မှတ်နေရာ စုရပ်များမှာ ထိုးနှံပေးသွားမယ် လို့သိရပါတယ်။
နိုင်ငံတဝန်းလုံးရှိ မြို့နယ်များအလိုက် ထိုးနှံပေးဖို့ စီစဉ်ထားတာဖြစ်ပြီး ခွဲတမ်းသတ်မှတ်ချက်ကို လူဦးရေ နဲ့ရောဂါဖြစ်ပွားမှု အခြေအနေတွေ အပေါ် စိစစ် ထိုးနှံပေးမှာလို့ သိရပါတယ်။
Stay at Home မြို့များကို ဦးစားပေးထိုးနှံဖို့ ရှိနေပြီး ရောဂါ ကာကွယ်တားဆီးရေးအတွက် တိကျတဲ့ ကာကွယ်ဆေးထိုးနှံမှုစနစ်ဖြစ်လာဖို့ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရပါတယ်။
PHOTO _ Internet


LEAVE A REPLY

Please enter your comment!
Please enter your name here