2020 Tokyo Olympics ပြိုင်ပွဲ မှာ အသက်အငယ်ဆုံးရွှေတံဆိပ်ဆုရှင်တစ်ဦးဖြစ်လာတဲ့ မိုမီဂျီနီရှီရာ(Momiji Nishiya)

0
153
အသက် ၁၃နှစ်အရွယ်သာရှိသေးတဲ့ ဂျပန်နိုင်ငံသူ မိုမီဂျီနီရှီရာဟာ 2020 Tokyo Olympics ပြိုင်ပွဲကြီးရဲ့ အမျိုးသမီးစကိတ်စီး အားကစား ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲအတွက် အသက်အငယ်ဆုံး အနိုင်ရရှိသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
သူမဟာ ယခုနှစ် Olympics ပြိုင်ပွဲအတွက်သာမက ဂျပန်နိုင်ငံအတွက်ပါ အသက်အငယ်ဆုံး ရွှေတံဆိပ်ဆုရှင်တစ်ဦးဖြစ်လာခဲ့တာပါ။
သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးရွှေတံဆိပ်ဆုရှင်ကတော့ ၁၉၃၆ Olympics ပြိုင်ပွဲ မှာ ပေါ်ထွက်ခဲ့တာဖြစ်ပြီး မိုမီဂျီနီရှီရာထက် ၆၃ ရက် ပိုငယ်တာဖြစ်ပါတယ်။
Reference; BBC SPORT
Photo _ Internet

 


LEAVE A REPLY

Please enter your comment!
Please enter your name here