မြစ်ရေကြီးမှုအခြေအနေနဲ့ပတ်သက်ပြီး မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်

0
118
ရန်ကုန် ဇူလိုင် ၂၇
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ တိုင်းနှင့်ပြည်နယ် အများစုမှာ မိုးအများအပြား ရွာသွန်းလျက်ရှိပြီးတော့ အချိ့်နေရာတွေမှာဆိုရင် ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ်လျက်ရှိပါတယ်။
ဒီကနေ့ဇူလိုင်လ ၂၇ရက်နေ့တိုင်းထွာချက်များအရ သောင်ရင်းမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ်၊ ဘီးလင်းမြစ် စတဲ့မြစ်တွေနဲ့ပတ်သက်ပြီး မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားတာရှိပါတယ်။
မြဝတီမြိ့်၊ သောင်ရင်းမြစ်ရဲ့ လက်ရှိအခြေအနေကတော့ စိုးရိမ်ရေ အမှတ်ထက် ၈ ပေခွဲခန့်ကျော်လွန်နေပြီးတော့ နောက် ၁ ရက်အတွင်းမှာ ၁ ပေခွဲအထိဆက်တက်လာနိုင်ပြီးတော့ ရွှေကျင်မြစ်ရဲ့ လက်ရှိအခြေအနေ ကတော့ စိုးရိမ်ရေအမှတ်အထက် ၁ လက်မခွဲခန့်ကျော် လွန်နေပြီး နောက် ၁ ရက်အတွင်းမှာတော့ ၂ ပေခွဲအထိ ဆက်တက်လာနိုင်တယ်လိ့် ခန့်မှန်းထားပါတယ်။
သံလွင်မြစ် နဲ့ ဘီးလင်းမြစ်တိ့်ဟာတော့ လက်ရှိအချိန်မှာ စိုးရိမ်ရေအမှတ်အောက်မှာရှိနေပေမဲ့လည်း လာမည့် ၁ ရက် ၂ ရက်အတွင်းမှာ စိုးရိမ်ရေအမှတ််သို့ ရောက်ရှိလာနိုင်ပါတယ်။
ဒါကြောင့် မြစ်ကမ်းအနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေကို မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အထူးသတိပြုနေ ထိုင်ကြဖို့ သတိပေး အကြံပြုချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here