တိုကျိုအိုလံပစ်မှာဝင်ရောက်ယှဉ်ပြိုင်တဲ့မြန်မာအားကစားသမား ၂ဦးလုံး ပြိုင်ပွဲမှ ရှုးနိမ့် ထွက်ခွါ

0
125
တိုကျို ဇူလိုင် ၂၇ ရက်
ဂျပန်နိုင်ငံ တိုကျိုမြိုမှာကျင်းပနေသည့် (၂၀၂၀ )တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အားကစား သမားနှစ်ဦးလုံး ပြိုင်ပွဲမှ ရှုံးနိမ့်ကာ အစောကြီး ထွက်ခွါခဲ့ရပါတယ်။
ယနေ့နံနက်ပိုင်းက အမျိုးသမီးတဦးချင်းကြက်တောင်ရိုက်ပြိုင်ပွဲအုပ်စု (M) ကို ကျင်းပခဲ့ရာ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာက ပြိုင်ဘက်ကြက်တောင်မယ် ဘယ်လ်ဂျီယံတင်းနစ်မယ် တန်လီရန်းကို (၂၁-၆)(၂၁-၈) တိုဖြင့် ၂ပွဲပြတ်ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှာ ထွက်ခွါ ခဲ့ရပါတယ်။
မြန်မာ့လက်ရွေးစင် သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်ဟာ ဇူလိုင်လ (၂၄ )ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား ၁၀မီတာ လေပစ္စတိုပစ်ပြိုင်ပွဲမှာ အဆင့် ၁၄သာရခဲ့တာကြောင့် ဦးစွာ ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရပါတယ်။
တိုကျိုအိုလံပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အားကစားသမား ၂ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here