အီတလီတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွား

0
154
ရောမ၊ ဇူလိုင် ၂၇
အီတလီနိုင်ငံ ဆာဒီနီယာဒေသတွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေသဖြင့် အီတလီအစိုးရမှ အကူအညီတောင်းခံမှုကြောင့် ပြင်သစ်နှင့် ဂရိနိုင်ငံတို့မှ မီးသတ်လေယာဉ်များစေလွှတ်၍ မီးကို ကူညီငြိမ်းသတ်ပေးလျှက်ရှိသည်။
ယင်းသည် ဥရောပသမဂ္ဂ၏ အရပ်ဖက်ဆိုင်ရာလုံခြုံရေးယန္တရားအစီအစဉ်အရဖြစ်သည်။
ထိုသို့မီးလောင်မှုဖြစ်ပွားသဖြင့် လူပေါင်း ၄၀၀ နီးပါးခန့် အိုးအိမ်များကို စွန့်ခွာခဲ့ကြရသည်။
ဒေသခံ မီးသတ်သမား ၇၅၀၀၊ Canadair CL-415 အမျိုးအစား လေယာဉ် ရစီးနှင့် ရဟတ်ယာဉ် ၁၃ စီးတို့ဖြင့် မီးကိုငြိမ်းသတ်ရကြောင်း ဒေသအာဏာပိုင်များကပြောသည်။
“စိုက်ခင်းဧရိယာ ဟက်တာသောင်းနဲ့ချီပြီးပျက်စီးပါတယ်။ စီးပွားရေးဆိုင်ရာနဲ့ လူနေအိမ်တွေ မီးသင့်ပါတယ်။ မွေးမြူရေးတိရိစ္ဆာန်တွေ သေကြပါတယ်”ဟု ဆာဒီနီယာဒေသ အုပ်ချုပ်ရေးမှူး ကပြောသည်။ ယင်းသည် ကြိုတင်မျှော်လင့်မထားသော ဘေးအန္တရယ် ဖြစ်ကြောင်းလည်း သူကဆိုသည်။
Ref: ‘Unprecedented disaster’: Italy calls for EU help to tackle Sardinia wildfires


LEAVE A REPLY

Please enter your comment!
Please enter your name here