ရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းမှာ ကိုဗစ်ကူးစက်မှုတွေများနေတာကြောင့် ပိုဂရုစိုက်ဖို့ နစက ခေါင်းဆောင်မှာကြား

0
165
နေပြည်တော် ဇူလိုင် ၂၇
ရန်ကုန်တိုင်းက ကိုဗစ်(၁၉)ကူးစက်မှု အများဆုံးဖြစ်နေပြီး သေဆုံးသူအရေအတွက်လည်း များပြားနေကာ လူဦးရေ သိပ်သည်းမှုလည်း ရှိနေတာကြောင့် ဒုတိအများဆုံးဖြစ်တဲ့ မန္တလေးနဲ့ရန်ကုန်ကို ပိုဂရုစိုက်ပေးကြဖို့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး (၅)ကြိမ်မြောက်အစည်းအဝေးမှာ မှာကြားလိုက်ပါတယ်။
အောက်စီဂျင် လိုအပ်ချက်လည်း များများလိုနေတာကြောင့် လုံလောက်အောင်ဖြည့်ဆည်းပေးဖိုလိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့နေပြည်တော်ဆေးရုံကြီးတွေမှာ ကိုဗစ် လူနာတွေ ပြည့်နေတယ်ဆိုတာမျိုးကြောင့် ဆေးရုံတွေမှာ လက်မခံနိုင် ချိန်မှာဆေးရုံများကဲ့သို ကုသပေးနိုင်တဲ့နေရာမျိုး ဖန်တီးပေးဖိုကိုလည်း မှာကြားခဲ့ပါသေးတယ်။
Quarantineစင်တာလိုနေရာမျိုးတွေကို ကုသရေးစင်တာအဖြစ် ပြောင်းလဲပေးဖို ကျန်းမာရေး ဝန်ထမ်းတွေ ခွဲဝေ ချထားပြီး မျှဝေအသုံးပြုကြဖို့ကိုလည်း တင်ပြနေတာမျိုးထက် အမြန်ဆုံးဆောင်ရွက်ပေးဖို နစက ခေါင်းဆောင်က တိုက်တွန်းမှာကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here